U & Z
"ရှောင့်ကျန့် မင်းတကယ်ပဲလား ရိပေါ်လေးနဲ့လေ။"
"အေး ကျန်းချန် မင်း မင်္ဂလာပွဲပြီးကတည်းက
မင်းနဲ့ မတွေ့ဖြစ်သေးလို့ မပြောဖြစ်တာ။""မင်း ဖန်းမင် ကြောင့်ဆိုရင်တော့ မလုပ်ပါနဲ့ကွာ
ရိပေါ်က ငယ်ပါသေးတယ်။ ပြီးတော့ ငါ့ယောက်ဖ
ဖန်ရှင်းရဲ့ သူငယ်ချင်းလေ""ငါ သိတယ်။ ဒါပေမယ့် သူက ငါ့ဆီ အတင်းတိုးဝင်ခဲ့တာလေကွာ။ မင်းပြောနေပုံက ငါကပဲ
ကလေးကို မုန့်ပေးကြိုက်နေသလို။""မင်း ဖန်းမင်ကို မေ့နိုင်လို့လား။ ရိပေါ်ကိုရော လွယ်လွယ်ချစ်နိုင်လို့လား။"
"ငါသေချာ မသိဘူး ကျန်းချန်။"
ကျန်းချန် နဲ့ ရှောင်ကျန့် ပြောနေကြသည်ကို ပိုင်စစ် ကတော့
ငြိမ်လို့သာ နားထောင်နေသည်။ ကျန်းချန်၊ ပိုင်စစ်နဲ့ ရှောင်ကျန့်က ငယ်သူငယ်ချင်းတွေ။ အခုချိန်ထိလည်း
အားရင် အားသလို တွေ့နေကြဆဲပင်။ တစ်ချိန်ကတော့
ဒီ အစုအဝေးထဲ ဖန်းမင်လည်း ပါလာတက်သည်။ ရှောင်ကျန့်ထက် အသက် သုံးနှစ် ငယ်တဲ့ ဖန်းမင်ကို
ရှောင်ကျန့် တကယ်ချစ်ခဲ့သည်။မေ့နိုင်ပြီလားဆိုရင်တော့ မရှိလည်း အဆင်ပြေတဲ့ အခြေအနေတစ်ခုကိုရောက်နေပါပြီ။ ဖန်းမင်က ရှောင်ကျန့်ထက် အများကြီးသာတယ်လို့ ထင်နေပုံရတဲ့
Ok groupက ကောင်နဲ့ အမေရိက ကိုထွက်သွားခဲ့သည်။
ရေပေါ်စီလိုကောင်ကို အထင်ကြီးနေတဲ့ ဖန်းမင်ကို တစ်ခါတစ်လေ သတိရမိပေမယ့် ၊ ပြန်တော့မလိုချင်တော့ပါ။ဖန်းမင်က Feng groupရဲ့ ဒုတိယမြှောက်သားဖြစ်သည့်အလျှောက် မယားငယ်ကမွေးတဲ့သားဆိုတဲ့ မှတ်ချက်နဲ့ အိမ်မှာ
အနှိမ်ခံနေရမှန်းသိလို့ ရှောင်ကျန့် သနားလည်း သနားခဲ့မိသည်။ ကိုယ်လဲ တစ်ယောက်ထဲဘဲ ဖြတ်သန်းခဲ့ရတော့ စာနာမိခဲ့သည်။ဒါကိုယ်တောင် ကိုယ့်အချစ်ကို စော်ကားသွားခဲ့သေးသည်။"ဖန်းမင်က အမေရိကမှာ ကျောင်းဆက်တက်နေတယ်
ကြားတာပဲ။""ငါ သူ့အကြောင်းမသိချင်တော့ဘူး ယုယွမ်။"