Symphony 13‼

2.1K 166 10
                                    

U & Z

ရှောင်ကျန့်ပါ bathtub ထဲဝင်လို့ ဘေဘီ အနောက်ဖက်ကနေဝင်ထိုင်ကာ ခြေထောက်တွေကို
ဆင်းလို့ ဘေဘီကိုရင်ခွင်ထဲဆွဲထည့်လိုက်သည်။
ရှောင်ကျန့်ရင်ခွင်ထဲ ကျောအပ်လို့ မှီချလာသူက သဘောတကျပင်။

ဘေဘီ ပုခုံးပေါ်ကနေသိုင်းဖက်ထားရင်း ရင်ခွင်ထဲ
ထွေးပွေ့ထားမိသည်။ ဒီရက်တွေထဲ ရှောင်ကျန့်တကယ်ကို
အလုပ်တွေများနေခဲ့သည်။ အပြီးသတ်နိုင်တော့မယ့်
Projectတွေရယ်၊ ပြန်စမယ့် projectတွေရယ်နှင့်
နားချိန်သိပ်မရခဲ့။ဒါတောင် storeတွေရဲ့ စာရင်းဇယားကို
မင်ယွဲ့က အကုန်ကိုင်ပေးနေလို့သာ ရှောင်ကျန့် storeတွေဘက် လှည့်ကြည့်စရာမလိုတာဖြစ်သည်။ ဘေဘီကို လွမ်းနေလို့သာ သူ့အဆောင်
ရှေ့ကို ခဏဆိုပြီး ထွက်လာမိခဲ့တာ။ ဒီကလေးကလည်း
ကိုယ့်ကိုလွမ်းနေတယ်ဆိုတော့ ဒီလူရင်ထဲ ပျော်ရွှင်နေမူက
အတိုင်းမသိပင်။

ဒါကိုရင်ခွင်ထဲက အဖြူလုံးလေးက သိတာမဟုတ်။
ကိုယ်ရှေ့မှာ မြင်နေရတဲ့ သူ့အပြုအမူ တစ်ခုချင်းဆီက
သူ့ကို ချစ်စရာကောင်းသွားစေတာမျိုးဆိုတော့
ဘေဘီဆီကနေ ရှောင်ကျန့် ရုန်းမထွက်နိုင်ပါ။
ကိုယ်တစ်ယောက်ထဲ အတွက်ပဲနူးညံ့ပေးနေတယ်
ဆိုတဲ့အသိက ဘေဘီဆီမှာ ကျရှုံးဖို့အတွက်
အမှန်တကယ်ကို လုံလောက်ပါသည်။
အမှတ်မထင်တွေ့ခဲ့ရတဲ့ ကလေးငယ်လေးကို
တစ်သက်လုံးစာအတွက် ဖက်တွက်ထားချင်မိသည်အထိ
မြတ်နိုးမိပါသည်။

ရင်ခွင်ထဲ ငြိမ်လို့ ရှောင်ကျန့်လက်ချောင်းတွေနဲ့ သူ့လက်‌ချောင်းလေးတွေကို ယှက်လို့ဆုပ်ကိုင်ကာ
ဇိမ်ယူနေသူလေးရဲ့ ခေါင်းလုံးလုံးကို
နမ်းရှိုက်ရင်း

"ဘေဘီ...။"

"ဗျာ...ဦး။"

"ကိုယ်...မင်းကို ချစ်တယ်..ဘေဘီ။"

မျက်လုံးလေးပြူးကာ မော့ကြည့်လာသူက
ချက်ချင်း မျက်ရည်တွေဝိုင်းလာသည်။

"ဗျာ!...
ဦး...ဟင့် ...ဟင့်..ဟင့်.။"

ဒီအဖြူလုံးလေးက ဤမျှပင် ရှောင်ကျန့်ကို ချစ်ပါသတဲ့။

"အာ..ဘာလို့ငိုတာလည်း ဘေဘီရယ်။ လာပါ ကိုယ့်ကိုကြည့်ပါဦး။"

ခေါင်းငုံ့လို့ မျက်နှာကို အောက်စိုက်ထားသူအား
ချော့၍ မော့ကြည့်စေတော့ ငိုမဲ့မဲ့မျက်နှာလေးရဲ့ မျက်လုံးတစ်စုံနဲ့ ကြည့်လာသည်။ မျက်ရည်အချို့ကို
သုတ်ပေးရင်း တုန်ယင်နေသော နှုတ်ခမ်းဖူးဖူးလေးအား
ရှောင်ကျန့်နှုတ်ခမ်းနဲ့ ဖိကပ်မိသည်။

I Just Wanna Be Part Of Your Symphony.Where stories live. Discover now