Symphony 33

1.4K 97 6
                                    

U & Z

"ဘေဘီ လန်းသွားအောင် ရေအရင်ချိုးလိုက်လေ။
ကိုယ် အားလန်ဆီဖုန်းဆက်လိုက်ဦးမယ်။"

"ဟုတ်ကဲ့ "

ဖုန်းပြောရန် ဝရံတာဘက်ထွက်သွားတဲ့ ဦးကို
ငေးကြည့်ရင်း ရိပေါ် ရေချိုးခန်း‌ထဲ ဝင်ခဲ့သည်။
ဦးဆီရောက်နေပြီဆိုတဲ့ အသိကို ရိပေါ်အခုထိ
မယုံနိုင်သေးပါ။ ရုတ်တရက်ဖြစ်ပျက်ခဲ့သည့်
အဖြစ်အပျက်တွေက မြန်လွန်းခဲ့သည် မဟုတ်လား။
ရိပေါ်မှာ ဦးကို ဘယ်ကနေစပြီးမေးရမည်ကိုပင်
မသိတော့။

ဦးက ရိပေါ်ကို အိမ်တော်ဆီခေါ်မသွားပဲ
ရိပေါ်တို့ စတွေ့ခါစက သွားခဲ့သည့် မြို့ပြင်ဘက်က
ဟိုတယ်ကိုသာခေါ်လာသည်။

ဘာပဲဖြစ်ဖြစ် အခုချိန်မှာ ရိပေါ် ဦးရင်ခွင်ထဲကို
ရောက်နေပြီဖြစ်လို့ ကျန်တဲ့ ကိစ္စတွေကိုတော့
ဦးကသာ ကြည့်စီစဉ်ပေးမည်မှန်း ရိပေါ်သိသည်။
စိတ်ရှုပ်စရာတွေ ခေါင်းထဲကထုတ်ပြီး ရိပေါ်
စိတ်ကြည်စေရန်အတွက် ခေါင်းပေါ်ရေလောင်းချပြီး
ရေချိုးဖို့ကိုသာ အာရုံစိုက်လိုက်သည်။

"အေး အားလန်..."

"နွားလေး ငါ့ကို သတိရသေးလို့ တော်သေးတာပေါ့။ အဆင်ပြေလား.."

"အင်း...ငါ့ဆီမှာ ဘေဘီကိုခေါ်ထားလိုက်ပြီ"

"အဆင်ပြေတယ် ကြားလို့ ဝမ်းသာပါတယ်။
မင်းဆီက ဆက်သွယ်မလာလို့ ငါမှာ စိုးရိမ်နေတာ။"

"အင်း...ကျင်းယုယွမ်ကို ဘယ်လိုလုပ်ထားလဲ။"

"လောလောဆယ်တော့ ငါ့အိမ်မှာခေါ်ထားတယ်။
အေးပါ အဆင်ပြေရင်ပြီးတာပဲ။ နောက်ရက်မှ
တစ်ဝိုင်းပေါ့။ ကျန်တာတော့ အပြင်မှာတွေ့မှ
ပြောရအောင်။ ငါ့မှာ ရှင်းစရာတွေ အများကြီး
ကျန်သေးတယ်။"

"အိုကေ အားလန်။"

ရှောင်ကျန့် ဖုန်းပြောပြီး အိပ်ခန်းထဲပြန်ဝင်လာတော့ bathrodeလေးကို ဝတ်ဆင်ထားသူဘေဘီက အတွေးလွန်နေစွာ ရေတဘက်ဖြင့်ခေါင်းမှ ဆံသားနုနုတို့ကို ခပ်ကြမ်းကြမ်းသုတ်နေသည်။ ပိုင်ရှင်ဖြစ်သူက ဂရုမစိုက်သော်လည်း မိမိမှာ မြတ်နိုးရသူဖြစ်လို့
စိုးရိမ်ရပါတယ်။

I Just Wanna Be Part Of Your Symphony.Where stories live. Discover now