U & Z
"စတော့မလား ဘေဘီ။"
"ဒီတိုင်းပဲ အိပ်ကြရအောင်လေ ဦး... နော်။"
ဘေဘီက ရှောင်ကျန့်လက်ထဲကနေ ရုန်းထွက်ရင်း
ကုတင်တစ်ဘက်ခြမ်း တိုးကပ်လို့ ခေါင်းအုံးပေါ်
အကျအနနေရာယူကာ ဘေးတစောင်းလှဲ၍
အိပ်ဖို့ပြင်နေသည်။ရှောင်ကျန့်ဘေဘီလေးက တကယ့်မလွယ်ကြောပါ။
"ဟမ်..ဘေဘီ...လူကြီးကို လူလည်လုပ်ဖို့ကြံနေတယ်
ပေါ့လေ...။""အားး ယားတယ်...ဦး!"
ဘေးတစောင်းလှဲနေသူကို ပက်လက်ဖြစ်အောင်
ဆွဲလှန်ပြီး ရှောင်ကျန့် ကလိထိုးလိုက်သည်။ကလိထိုးနေတဲ့ ဦးကြောင့်ရိပေါ်လှဲနေရမှ
ထထိုင်ရသည်။"စတာ...စတာ..ကျွန်တော် ချစ်ချစ်ကြီးကို လစ်လျူမရှုနိုင်ပါဘူးဗျာ။"
"လာပါဦးကွာ...ကိုယ့်ရင်ခွင်ထဲ...။"
ရိပေါ် ဦးရင်ခွင်ထဲ တိုးဝင်လို့ ဦးကိုဖက်ထားလိုက်သည်။
မွေ့ယာပေါ် ဒူးထောက်ထိုင်နေတဲ့ ဦးက ရိပေါ်ကိုဖက်လျက်
ခေါင်းအုံးပေါ် လှဲချသည်။"အင့်...။"
"ဘေဘီ ကိုယ်မင်းကို ချစ်လွန်းလို့ ထိတောင်မထိရက်
တော့ဘူး..။""ကျွန်တော် ဦးဆီက ဒီစကားမကြားရတော့ဘူး
ထင်နေတာ။""ကိုယ်မပြောလဲ ဘယ်လောက်ချစ်ကြောင်း ဘေဘီသိသင့်တာပေါ့။"
"ဒါပေမယ့် ဘယ်တော့ ဦးရဲ့ ဂရုစိုက်မူတွေ
ပျောက်ကွယ်သွားမလဲလို့ တွေးမိတိုင်း
ကျွန်တော်ရင်နာတယ်။""အကြာကြီး အချိန်ယူမိလို့ ကိုယ်တောင်းပန်ပါတယ်။"
"ကျွန်တော် ဦးကိုချစ်တယ်။"
ရိပေါ်စကားဆုံးတော့ ဦးက ရိပေါ် ကိုယ်ပေါ် အုပ်မိုးလို့
ရိပေါ် မျက်နှာအနှံ့ အနမ်းတွေ ချွေချလာသည်။ဘေဘီဆီက ချစ်စကားတွေကြားရရင် လူကြီးတန်မဲ့
ရင်ခုန်ရပါသည်။ ဒီအသက်အရွယ်ထိ ဘေဘီနဲ့တွေ့မှပင် ရှောင်ကျန့်ရင်ခုန်ဖူးခဲ့သည်။ ဖန်းမင်နဲ့တုန်းကတော့
ဒီတိုင်းပဲ တွဲဖြစ်ခဲ့ကြတာဖြစ်ပြီး သံယောဇဉ်
အနည်းငယ်သာရှိခဲ့သည်။