U & Z
"ဦးကိုက ချစ်တာ။ အရမ်း ချစ်တယ် ဦး။"
ရှောင်ကျန့် ကုတင်အစွန်းပေါ်ကနေ
ခြေချထိုင်နေသူရှေ့တိုးကပ်သွားကာ
ခေါင်းလုံးလုံးလေးကို ရင်ခွင်ထဲ
ဆွဲလို့ ဖက်ထားမိသည်။ ဘေဘီကလည်း
ရှောင်ကျန့်ခါးကိုပြန်ဖက်လာသည်မှာ
တင်းတင်းကြပ်ကြပ်။ရှောင်ကျန့် ခေါင်းကိုအောက်သို့ငုံ့ချလို့
ခေါင်းလုံးလုံးလေးကို အနမ်းဖွဖွ ပေးမိသည်။ ဆိုင်ကယ်ပြိုင်ကွင်းထဲမှာ ဘေဘီကိုမြင်တော့
ရှောင်ကျန့်ရင်ထဲ ဘယ်လောက် ပူလှောင်နေခဲ့လဲဆိုတာ ရှောင်ကျန့်သာ အသိဆုံးပင်။မနက်ကတည်းက ကိုယ့်ကိုတစ်ချက်မှ လှည့်မကြည့်ပဲ ကျောင်းထဲ ဝင်သွားသူကြောင့် ရင်ထဲနေလို့သိပ့်မကောင်းခဲ့။
နေ့လည်ကျတော့လည်း တွေ့လို့မရဘူးတဲ့။ကိုယ်မဟုတ်တဲ့ သက်တူရွယ်တူ ကောင်လေး
တစ်ယောက်နဲ့ အတူမြင်ခဲ့ရတော့ ရှောင်ကျန့် ဘယ်လောက်တောင် ရင်ထဲမွန်းကြပ်ပြီး
စိုးရိမ်နေခဲ့ရလဲ။ ဘေဘီက ကိုယ့်လို အသက်ကြီးကြီး
လူကို ဘယ်အချိန်ထိချစ်ပေးနိုင်မလဲဆိုတဲ့
အတွေးတွေက ရှောင်ကျန့်ကိုနှိပ်စက်နေခဲ့သည်။အလုပ်ကိစ္စ အမြန်ပြီးဖို့ ဆုတောင်းနေမိသည်အထိ။ အလုပ်ပြီးလို့ ဖုန်းဆက်ပြန်တော့ ရောက်နေတဲ့နေရာက
ဘား တဲ့။ ဒီလူ့ရင်ထဲက ပူပင်မူတွေကို ဒီအဖြူလုံးလေးက
ဘာမှသိတာမှ မဟုတ်ပဲလေ။ ရှောင်ကျန့် ဘဝထဲ အမှတ်မထင်ဝင်လာခဲ့တဲ့ဘေဘီက တဖြည်းဖြည်းနဲ့
မရှိလို့ မဖြစ်ကြောင်း ပြသလာနေပြီ။ခေါင်းလုံးလုံးကို အနည်းငယ်မော့စေလို့ ပါးနှစ်ဘက်မှ ဆုပ်ကိုင်ကာ အကြည့်ချင်းဆုံစေတော့ ရှောင်ကျန့်ကို
ပြန်ကြည့်လာတဲ့ မျက်ဝန်းတွေကလည်း နူးနူးညံ့ညံ့ပင်။"ကိုယ့်ရဲ့ဘေဘီလေး မင်းကချစ်စရာကောင်းလွန်းတော့
ကိုယ်မဆူရက်တော့ဘူး။ ရင်ခွင်ထဲမှာပဲ ထွေးပွေ့ထားချင်လွန်းလို့ ကိုယ်ရူးတော့မယ်....
သိရဲ့လား.. လူဆိုးလေးရဲ့။"ရှောင်ကျန့်စကားကိုကြားတော့ အကြည့်ချင်းဆုံနေရာမှ
မျက်နှာလွဲလို့ ရင်ခွင်ထဲသာ အတင်းတိုးဝင်သည်။
သူရှက်နေပါသည်ပေါ့။
