U & Z
"ဘေဘီ အပေါ်ထပ်ကို ခဏလိုက်ခဲ့။"
အပေါ်ထပ်လိုက်ခဲ့ဖို့ ခေါ်သူက စကားဆုံးတာနဲ့
ရိပေါ်လက်ကိုဆွဲလို့ အိမ်ထဲဝင်သည်။ ဈေးဝယ်ပြီး
အိမ်ရှေ့ရောက်ရုံရှိသေးသည်။ ပစ္စည်းတွေ
ကူသယ်ပေးမလို့ လုပ်နေတုန်း ရိပေါ်
စကားပြန်ချိန်တောင်မရလိုက်ပါ။ လက်ကို
အတင်းဆွဲလို့သာ အိမ်ထဲ ဝင်ဖို့ လုပ်သည်။ဦးက တစ်ခါတစ်လေ တကယ် တစွတ်ထိုးဆန်သည်။
ဘာတွေ အလိုမကျပြန်သည်မသိ။ ကားပေါ်ကတည်းက
ခပ်တည်တည်ဖြစ်နေမှန်းရိပေါ်သိသည်။အိမ်ရှေ့ရောက်တာနဲ့ ရှောင်ကျန့် ဘေဘီ လက်ကိုဆွဲလို့
အခန်းထဲခေါ်လာမိသည်။ ဈေးဝယ်ဖို့ စထွက်တော့
မင်ယွဲ့က lover seatမှာ ကျန်းဝေမောင်းတဲ့ဘေးကထိုင်လိုက်ပြီး
ဘေဘီနဲ့ ရှောင်ကျန့်က ကားနောက်ခန်းမှာ အတူထိုင်ပြီး
လိုက်ခဲ့သည်။အပြန်ကျမှ ဘေဘီက မင်ယွဲ့နဲ့ နောက်ခန်းထဲ အပြိုင်ဝင်ထိုင်ပြီး ခေါင်းချင်းဆိုင်ကာ ရှောင်ကျန့်ကို
အဖက်မလုပ်ခဲ့။ marketထဲမှာ ကတည်းက စိတ်မကြည်မူဟာ ကားပေါ်အထိပါလာပြန်
သည်။ ကလေးဆန်မှန်းသိပေမယ့် ဘေဘီဆီက
လစ်လျူရှုခံရရင် ရှောင်ကျန့်တကယ်မနေတက်တော့ပါ။
ဒါကို ချစ်ရသူကလေးငယ်က မသိပေမယ့် ကိုယ့်ရင်ထဲတော့
စိတ်မကောင်းဖြစ်နေမိသည်။ဘေဘီကို ကုတင်ပေါ် ခြေချထိုင်ခိုင်းရင်း
ရှောင်ကျန့် ဘေဘီရှေ့ မက်တပ်ရပ်နေမိသည်။
ရှောင်ကျန့်ကိုမော့ကြည့်နေသူက အံ့ဩနေပုံရသည်။"ဦး...."
ဒီအသံ ....အဲ့ဒီ အသံကိုကြားရင်ကို ကိုယ့်ရင်ထဲက
အပူတွေငြိမ်းသည်။"ဆောရီး ဘေဘီ ....။"
ရှောင်ကျန့် ဘေဘီကို ဘယ်လိုတောင် ကြမ်းတမ်းမိတော့
မလိုဖြစ်သွားမှန်း တကယ်မသိတော့ပါ။ဘေဘီက ရှောင်ကျန့် ခါးကိုသိုင်းဖက်လို့
ရင်ခွင်ထဲ ဝင်လာသည်။"ကိုယ်မရည်ရွယ်ပါဘူး ဘေဘီက တစ်လမ်းလုံး
ကိုယ့်ကို ဂရုမစိုက်တော့ ကိုယ် စိတ်မကောင်းဖြစ်သွားလို့ပါ။"