U & Z
"ရိပေါ်လေး..."
"လာ...အစ်မ..ကျွန်တော် အစ်မကိုမျော်နေတာ။"
"ဟုတ်လား...ဒို့ ရိပေါ်လေးက ချစ်ဖို့ အလွန်ကောင်း..."
အစ်မမင်ယွဲ့က ဆိုဖာပေါ်ထိုင်နေသည့် ရိပေါ်ဘေးနားကပ်ထိုင်ကာ ရိပေါ်ပါးတစ်ဖက်ကိုလည်း
ဖျစ်ညှစ်လို့ ချစ်စနိုးနဲ့ စသည်။အဟမ်း!
"အားးး ပင်ပန်းလိုက်တာ!"
လှေကားထစ်တွေဆီမှ ဆင်းလာသည့် ဦးကိုမြင်တော့
အစ်မ မင်ယွဲ့က ရိပေါ်ပုခုံးပေါ် ခေါင်းမှီလို့
စနောက်သည်။ ရိပေါ် ပျက်ယွင်းနေသည့် ဦးမျက်နှာကို
ကြည့်ရင်း ပြုံးစိစိဖြစ်လာသည်။
ရိပေါ်နဲ့ပက်သက်လျှင်အထိမခံသည့်ဦးက မကြီးမငယ်နဲ့ စိတ်ကောက်တက်သည်ကြောင့် အစ်မမင်ယွဲ့က
အခုနောက်ပိုင်း ပိုပိုသာသာနဲ့ စလာတက်သည်။"မင်ယွဲ့ နင် ငါ့ကလေးကို အသားယူနေပြန်ပြီလား...
ဘေဘီလာ..."ရိပေါ်လက်ကို ဆွဲထူပြီး ဦးက ရိပေါ်ကို သူ့ရင်ခွင်ထဲသို့
ဆွဲသွင်းသည်။ ရိပေါ် ပုခုံးပေါ် ခေါင်းမှီနေသည့်
အစ်မမင်ယွဲ့ကတော့ ဟန်ချက်ပျက်စွာ ဆိုဖာပေါ်သို့
ကျသည်။ သို့သော် ပျော်ပျော်နေတက်သူအစ်မမင်ယွဲ့
ကတော့ ဆိုဖာပေါ် လှဲချလိုက်ကာ ဘေးတစ်စောင်းအိပ်၍
နားထင်မှာလက်ထောက်ပြီး ဦးကို လှောင်ပြုံး ပြုံးပြနေသေးသည်။ရိပေါ်ကတော့ မတည့်အတူနေ နှစ်ယောက်ကိုကြည့်ရင်း
ရယ်နေရတော့သည်။"ကဲပါ...bossရယ်...အဲ့လောက်လည်းတိုမနေပါနဲ့။
ငယ်ငယ်ချောချောလေးရထားတော့ အရမ်းအူတိုတက်တာပဲ။""မင်ယွဲ့...!"
"Bossက အသက်ကြီးနေပြီဆိုပေမယ့် နုပါသေးသည်။
ရိပေါ်နဲ့ လိုက်ဖက်ညီနေဆဲ...."အစ်မမင်ယွဲ့ စနောက်နေမူကို ဦးက ခပ်ချဉ်ချဉ်ပြုံး၏။
"အင်း...အခုတလော ငါ့ရဲ့ storeရုံးချုပ်ကို
မျက်လုံးပြာပြာနဲ့ ကောင်တစ်ကောင် အဝင်အထွက်များနေတယ်တဲ့။
ဘာပဲဖြစ်ဖြစ် ကျန်းဝေနဲ့ မင်ဟွေ့ကို သတိပေးဦးမှပါပဲလေ။"