Symphony 34🔞

1.8K 119 23
                                    

U & Z

"သခင်လေး အိမ်တော်မှာ မရှိတော့ဘူး ခေါင်းဆောင်ကြီး"

သတင်းပေးပို့လာသော လက်ထောက်ကို ဝမ်ကျင်ယုံ
ခေါင်းငြိမ့်ပြရင်း သိပြီ ဆိုတဲ့ အကြောင်းအသိပေးမိသည်။

လင်းဂိုဏ်းနဲ့တွေ့ဆုံရန် ထွက်သွားခဲ့သည့် ယုယွမ်နောက်ကို
လိုက်လာရင်း ဝမ်ကျင့်ယုံ နယ်စပ်ဘက်ထိ ရောက်လာခဲ့သည်။
သို့သော် ယုယွမ်ကိုက အခုထိ ရှာမတွေ့သေးပေ။
ကိုယ့်မျက်စိအောက်မှာပဲ ကြီးပြင်းလာခဲ့ပြီး
ကိုယ့်သားလေးလိုပဲ သဘောထားခဲ့မိသူဖြစ်လို့
အခုလို ရှာမတွေ့တဲ့ အခါမှာ စိတ်ပူနေမိသည်။
လင်းဂိုဏ်းကို ထောက်လှမ်းရေးဘက်က
ဖမ်းသွားပြီလို့ ကြားရတော့ ယုယွမ်ကို ပို၍စိုးရိမ်နေမိသည်။
တစ်ခုကောင်းတာက လင်းဂိုဏ်းဖမ်းခံရချိန်တွင်
ယုယွမ် အနီးမှာရှိမနေခဲ့ဟု သိရတော့
နည်းနည်း စိတ်သက်သာရာ ရခဲ့သည်။

ယုယွမ် ကိစ္စနဲ့ အလုပ်ရှုပ်နေခဲ့တော့ သားငယ်ကို
ဒီရက်ပိုင်း သိပ့်ဂရုမစိုက်ဖြစ်ခဲ့တာ အမှန်ပင်။
ဦးလေးခွန်းရန်ရှိနေသဖြင့် စိတ်ချစွာ ထားခဲ့မိသည်က
မှားခဲ့ပြီမှန်း ဝမ်ကျင်ယုံ အခုမှ သဘောပေါက်သည်။
သားငယ်ရိပေါ်ရဲ့ အလိုကိုအမြဲလိုက်ပေးခဲ့တဲ့
ဦးလေးခွန်းရန်က အခုလဲ အလိုလိုက်ခဲ့ပြန်ပြီ
ထင်သည်။ ဒါဟာ သားငယ်ရဲ့ ‌အရဲရင့်ဆုံး ရွေးချယ်မူလို့
တွေးမိပြန်တော့ သားငယ်ကို အပြစ်မဆိုနိုင်တော့။
သူ့အမေကို သိပ့်ချစ်တဲ့ သားလေးက သူ့အမေလိုပဲ
သိပ့်လဲခေါင်းမာပါသည်။ ရှောင်ကျန့်ဆိုတဲ့ ကောင်လေးက
သားငယ်ရဲ့ အခိုင်မာဆုံးရွေးချယ်မူဆိုတော့လဲ
ပါးက ဘာတွေထပ်ပြီးတက်နိုင်တော့မှာလဲ ကလေးရယ်။
လက်ခံပေးရုံပေါ့...။

ဒီရက်တွေထဲ သားငယ်ကို အိမ်ထဲမှာ ချုပ်ထားခဲ့ပေမယ့်
ဝမ်ကျင့်ယုံ ဒီအတိုင်းနေ နေခဲ့တာတော့ မဟုတ်။
ကိုယ့်သားလေး အရမ်းချစ်မိနေသူဟာ ဘယ်လိုလူမျိုးလဲလို့
စုံစမ်းနေခဲ့မိသည်။ စုံစမ်းနေရင်း ပိုသိလာခဲ့သည်က
သည်ကလေးကလည်း ကိုယ့်သားငယ်ကို ပိုင်ဆိုင်ဖို့
ပုံစံမျိုးစုံနဲ့ ကြိုးစားနေခဲ့သည်ဆိုတာကိုပင်။
နယ်စပ်ကိုရောက်နေစဉ်လည်း ယုယွမ်အကြောင်း
စုံစမ်းရင်း အမြဲတွေးနေခဲ့မိသည်က ငါကိုယ်တိုင်
ငါ့သားပျော်ရွှင်မူကို ဖျက်စီးနေမိပြီလားဆိုသည့်
အရာတွေသာ။

I Just Wanna Be Part Of Your Symphony.Where stories live. Discover now