U & Z
အပူပိုင်းဒေသမှာတည်ရှိနေတဲ့ ကျွန်းစုတစ်ခု။ ပင်မကျွန်းကြီးရဲ့ ဘေးပတ်လည်မှာ ခြံရံထားတဲ့ ကျွန်းငယ်လေးတွေက လေယာဉ်ပေါ်မှ စပ်စုနေကြသည့် လူငယ်လေးအုပ်စုအတွက်
မျက်စိ ပသာဒဖြစ်စရာအတိ။ အပြာရောင်ဆုံးသောရေတွေနဲ့ ဝန်းရံခံထားရသည့် စိမ်းလန်းနေသော ကျွန်းစုလေးပေါ်တွင် အစီအရီတည်ဆောက်ထားသော villaများတည်ရှိရာ
လွန်စွာလှပသော အပန်းဖြေစခန်းတစ်ခုသည် ကောင်ငယ်လေး အုပ်စုကို မျက်ဝန်းတွေမလွဲနိုင်လောက်အောင် ဆွဲဆောင်နေသည်။နေရောင်အောက်မှာ သကြားပွင့်လေးတွေလို တဖိတ်ဖိတ်တောက်ပ၍ တလဲ့လဲ့ဖြစ်နေသော သဲပွင့်လေးတွေ....။ Crystalလို ကြည်လင်နေသည့် ကျွန်းပေါ်မှ ရေကန်ငယ်လေးများသည် ဘယ်နေရာကို ကြည့်ကြည့် အကြည့်မလွဲနိုင်အောင် ဆွဲဆောင်နိုင်လွန်းသည်။
လေယာဉ်ပေါ်ကနေ ဆင်းဖို့မစောင့်နိုင်တော့တဲ့
ကောင်ငယ်လေးတွေက ဖင်တကြွကြွနဲ့ လှုပ်စိလှုပ်စိ။ သဘာဝတရားကြီးကို ချစ်မြတ်နိုးလားလို့မေးရင် အရင်ကတော့ မသိပေမယ့် အခုတော့ ရိပေါ်တို့ တကယ်ကို ချစ်မြတ်နိုးခဲ့ပြီ။ အထူးသဖြင့် ဒီကျွန်းကိုပေါ့။"ဘေဘီ ဆင်းရအောင်..."
"ဟုတ်..."
ရိပေါ်တို့ လေယာဉ်ပေါ်ကနေ ဆင်းတာနဲ့ Green logoပါတဲ့ ဝတ်စုံကိုဝတ်ဆင်ထားတဲ့ လူနှစ်ယောက်က အသင့်စောင့်ကြိုနေကြသည်။ ဦးကဝန်ထမ်းတွေကို ခေါင်းငြိမ့် အသိအမှတ်ပြုပြီးနောက် သူတို့ခေါ်ရာဆီသို့ ရိပေါ်တို့လိုက်လာခဲ့ကြသည်။
"ကိုယ်တို့ အရင်နားကြရအောင်...
ဘေဘီတို့ လေယာဉ်စီးရတာ ပင်ပန်းနေပြီမလား"ရိပေါ် သူငယ်ချင်းတွေဆီ အကြည့်ပို့မိတော့
သူတို့လည်း နားချင်နေကြပုံရသည်။ အစ်မ
မင်ယွဲ့ကတော့ အခုထိ မျက်လုံးသေချာ မဖွင့်နိုင်ရှာပေ..။"ဟုတ်ကဲ့ ဦး"
အစ်ကို ကျန်းဝေနဲ့ အစ်မမင်ဟွေ့ကတော့ ရိပေါ်တို့ ခရီးဆောင်အိပ်တွေကို သေချာစီစဉ်ပေးနေကြသည်။
"ကိုယ်တို့ အရင် အနားယူဦးမယ်။"
ဦးစကားကို ဝန်ထမ်းကောင်လေးက ခါးကိုကိုင်းညွှန့်၍ အရိုအသေပေးကာ ရှေ့ကဦးဆောင်ခေါ်သွားပြန်သည်။ ရိပေါ်ကတော့ဦးလက်ကို ကိုင်ထားရင်း ဘေးက ဖန်ရှင်းတို့နဲ့ စကားတပြောပြောနဲ့လိုက်လာခဲ့သည်။