U & Z
လက်မောင်းဆီက နာကျင်မူကြောင့် ရှောင်ကျန့်
အိပ်နေရာမှ နိုးလာခဲ့သည်။နာနေသည့်နေရာဆီ
အကြည့်ပို့မိတော့ လက်မောင်းပေါ်က
ခေါင်းလုံးလုံးလေး။ လက်မောင်းပေါ်
အကျအန ခေါင်းအုံးလို့ ရှောင်ကျန့် ရင်ဘက်မှာ
မျက်နှာအပ်က အိပ်နေသူက အသက်ရူသံမှန်မှန်နဲ့
ငြိမ်သက်စွာ အိပ်နေဆဲပင်။ရှောင်ကျန့် ပက်လက်အိပ်နေရာမှ ဘေဘီဘက် အနည်းငယ်
စောင်းလို့ ခေါင်းလုံးလေးကိုထွေးပွေ့မိသည်။ ညတုန်းက
ရှောင်ကျန့်ရင်ဘက်ပေါ် ခေါင်းမှီလို့
ဘေဘီက တတွတ်တွတ်နဲ့ စကားတွေပြောနေခဲ့သည်။
ဘေဘီပြောသမျှနားထောင်ပေးရင်း မေးလာသမျှ ပြန်ဖြေပေးရင်းနဲ့ နှစ်ယောက်သား ဘယ်အချိန် အိပ်ပျော်
သွားမှန်းတောင်မခန့်မှန်းနိုင်တော့ပါ။ညတုန်းကအတိုင်း တစ်စက်မှမလှုပ်ပဲ အိပ်နေမိကြသဖြင့်
ရှောင်ကျန့် လက်တွေပင်နာလာခဲ့သည်။ ရင်ခွင်ထဲက
ခေါင်းလေးကို ဆွဲမလို့ လက်ကို ဖြည်းဖြည်းချင်း ထုတ်ယူရသည်။လက်မောင်းပေါ်က ဖယ်ခွာသွားသော ခေါင်းလုံးလုံးလေးကို
ရင်ခွင်ထဲကနေဖယ်ထုတ်တော့ အထုတ်မခံပါ။ ရင်ခွင်ထဲ အတင်းတိုးဝင်လို့ ဖက်ထားသည်မှာ တင်းတင်းကြပ်ကြပ်။
ခေါင်းလုံးလုံးလေးကိုဆွဲယူလို့ မျက်နှာဖွေးဖွေးအား
မော့စေလျှက် မွှေးကြူမိသည်။အိပ်ယာပေါ်မှ အထခံမည်မဟုတ်မှန်းသိနေသဖြင့်
ရှောင်ကျန့် ဘေဘီကိုဖက်လို့ ပြန်အိပ်လိုက်သည်။
ဒီ ဖောင်းဖောင်းအိအိလေးရဲ့ အနွေးဓာတ်က
ရင်တစ်ခုလုံးကိုနွေးထွေးစေသည်။ရိပေါ်နိုးလာတော့ ရိပေါ်တစ်ကိုယ်လုံးက ဦးရင်ခွင်ထဲတွင်
ပွေ့ဖက်ခံထားရသည်။ ရိပေါ်အောက်ပိုင်းကို ခွထားတဲ့
ဦးခြေထောက်တွေကြောင့် ရိပေါ်မှာ ကျဉ်းကျဉ်းကြပ်ကြပ်။
အရိုးတွေ ကျိုးကြေမတက် ဖက်ခံထားရပေမယ့် ဦးဆိုတဲ့
အသိနဲ့တင် ရိပေါ်ရင်ထဲ ပိတိဖြာရပါသည်။မျက်နှာကို အပေါ်မော့လို့ ကြည့်မိတော့ ပြေပြေပြစ်ပြစ်
မျက်နှာချောချောက ဆီးကြိုသည်။ ရိပေါ် လက်ဖောင်းဖောင်းလေးတွေနဲ့ ဦးရဲ့ မျက်နှာ အစိတ်အပိုင်းတွေကို ထိတွေ့နေမိသည်။ ရိပေါ်လို မဖြူပေမယ့် ဦးအသားအရေက ညိုပြီးကြည်လင်နေသည်။
အသာအယာတို့ထိလို့ ဆော့ကစားနေမိသည်။