U & Z
"ဘာ....!ဝမ်ရိပေါ်....! မင်းရူးသွားပြီ။ တကယ်ကို ရူးသွားပြီ။
ဘာမှ သေသေချာချာ ရေရေရာရာ မသိတဲ့လူနဲ့လေ။""ဒါပေမယ့် ငါသဘောကျတယ်လေကွာ။"
"သူဘဲနေရာမှာ အစားထိုးလိုက်တာဆိုရင် ဘယ်လိုလုပ်မလဲ။"
"ဘယ်လိုဖြစ်ဖြစ်။ အရေးကြီးတာက ဦးရဲ့စိတ်အာရုံတွေ ငါဆီမှာ ရှိနေဖို့ပဲလိုတာ။"
"အေးပါ မင်းဇာတ် မင်းနိုင်အောင် ကနိုင်ရင်ပြီးရော။ ဒါပေမယ့် မင်းအနားမှာ ငါအမြဲရှိတယ် ဆိုတာမှတ်ထားပေး။ တစ်ခုခုဆို ငါ့ကိုအကုန်ပြောနော် ကြားလား။"
"အေးပါ ဖန်ရှင်းရာ။ အားကိုးပါတယ် သူငယ်ချင်းကြီးကို။"
"ဒါနဲ့ ဟိုကောင်တွေ ငါတို့ clubကို လာဖြဲသေးတယ်။"
"ဘယ်တုန်းက။"
"မင်း ဦးနဲ့ သာယာနေပြီး ငါ့ဖုန်းမကိုင်တဲ့အချိန်တုန်းက။"
"ဟမ်! မင်းကလည်းကွာ မနေ့ကညကလို့ပြောစမ်းပါ။"
"မင်း နားလည်တယ်မလား နားလည်ဖို့ပဲလိုတာ။"
"နောက်မှ ပွဲတစ်ပွဲလောက် နွှဲကြတာပေါ့...။ ဂျိုကြွနေတဲ့ကောင်ကို ဂျိုချိုးပေးရဦးမယ်။"
တီ...တီ......
"ဟဲလို ဦး....။"
"ဘေဘီ ကိုယ် မင်းတို့ကျောင်းရှေ့ကို ရောက်နေပြီ။"
"ကျွန်တော်ထွက်လာပြီ ဦး ခဏစောင့်ပေး။"
"ငါသွားပြီ ဖန်ရှင်း....။"
ဝရုန်းသုန်းကား ထပြေးတဲ့ ကောင်ကို ဖန်ရှင်းဆဲသာပြစ်လိုက်ချင်သည်။ ရည်းစားမထားဘူးမှန်း
အရမ်းသိသာသည်။ ဆင်ဖမ်းမယ် ကျားဖမ်းမယ် ကြုံးဝါးနေတဲ့ အကောင်က သူဘဲကြီးဆီကဖုန်းလာတော့
ဦး ဦး နဲ့ ချွဲပျစ်နေတာမှ ပျားရည်အလား...။Wow. ....Lamborghini Huracan EVO Spyder ငှက်ခါးရောင်ကို ကျောမှီရပ်နေတဲ့ ဦးက မော်ဒယ်တစ်ယောက်အလားပင်။ ကျောင်းရှေ့ လမ်းဟိုဘက် ဒီဘက်မှ ငေးနေကြသူများကြောင့် ဦးဆီကို ရိပေါ် မြန်မြန်သွားလိုက်သည်။
"ဘယ်သွားချင်လဲ.."
"ကျွန်တော်မသိဘူး..first dateလေ ဦးဘယ်သွားချင်လည်း။"