Malyim အခုရေးမယ့်ပုံစံလေးကိုရေးချင်ခဲ့တာကြာပါပြီ။ ဒါပေမယ့်ဇာတ်လမ်းပုံစံက drama တွေပါဝင်တဲ့အပြင်နည်းနည်း heavy ဖြစ်တဲ့ type မျိုးမို့ရေးဖို့လက်တွန့်နေခဲ့တာပါ။
Malyim က 'အမုန်း 'ရဲ့ character ကိုစိတ်ဒဏ်ရာတွေရှိပြီးဖခင်ကိုမုန်းတီးနေတဲ့ပုံစံမျိုးကိုသရုပ်ဖော်ချင်ပြီး main lead နဲ့အမုန်းရဲ့ကြားကဆက်ဆံရေးကိုလည်းဓားသွားပေါ်ကချည်မျှင်လေးလိုမျိုးသရုပ်ဖော်ချင်ခဲ့ပါတယ်။
အဲ့တော့ဒီဇာတ်ကောင်တွေအကြားမှာဆက်စပ်ဖို့အကြောင်းအရင်းတစ်ခုကိုရှာကြည့်တော့ ရောဂါသည်လေးဖြစ်တဲ့နန်းထိုက်ပန်းကိုဖန်တီးမိပါတယ်။ ဒီတော့နန်းထိုက်ပန်းရဲ့ရောဂါကဇာတ်ကောက်တွေကြားက အချစ်အမုန်းဖြစ်တည်ဖို့အတွက်အကြောင်းတစ်ခုဖြစ်လာခဲ့ပါတယ်။
Malyim နေထိုင်ရာပတ်ဝန်းကျင်ကလူတွေမှာအဖြစ်များတဲ့ရောဂါမျိုးကိုရှာကြည့်ပေမယ့် Malyim စိတ်တိုင်းမကျခဲ့ပါဘူး။ ဆိုတော့နည်းနည်းပြင်းထန်တာမျိုးကိုရှာမယ်ပေါ့နော်။ သွေးကင်ဆာလိုမျိုးရောဂါတွေကဇာတ်လမ်းတွေမှာအတွေ့များတော့ Malyim မထည့်ချင်ဘူးပေါ့နော်။
အဲ့ဒါကြောင့်ကိုယ်တွင်အဂ်ါနဲ့ပတ်သတ်တဲ့ရောဂါကိုရှာကြည့်တော့ Pokycystic kidney disease ဆိုတာလေးကိုရှာတွေ့ခဲ့ပါတယ်။ ဒီရောဂါအကြောင်းကို Malyim လည်း google ကနေတစ်ဆင့်ရှာဖွေခဲ့တာဖြစ်လို့ ယေဘုယျအချက်အလက်လောက်သာသိခဲ့ရတာပါ။
Malyim ပြောချင်တဲ့အကြောင်းအရာကတော့ဒီ fic လေးထဲမှာပါဝင်တဲ့အကြောင်းအရာတွေအကုန်လုံးက Malyim ရဲ့စိတ်ကူးသပ်သပ်သာဖြစ်ပါတယ်။
အခြားအကြောင်းအရာများသည်ဖြစ်ရပ်တစ်စုံတစ်ရာနှင့်တိုက်ဆိုင်ခဲ့သည်ရှိသော် Malyim ရဲ့အမှားနဲ့လိုအပ်ချက်သာဖြစ်ပါတယ်ရှင်။
red chrysanthemum
11.11.2021
YOU ARE READING
ချစ်ခြင်းထာဝရတည်စေသော် ( ချစ်ခြင်းထာဝရတည်စေသော်) Completed