(33)

4.2K 218 8
                                    

" ဟူး...ဒီနေ့တော့ဈေးဝယ်သွားမှကိုရတော့မှာပါ "

ပြောင်သလင်းခါနေသောရေခဲသေတ္တာကိုကြည့်ပြီးအဂ္ဂတစ်ယောက်တည်းရေရွတ်မိသည်။
ရှားရှားပါးပါးရရှိသောခွင့်ရက်ရှည်လေးကိုကောင်းမွန်စွာအသုံးချပြီးစိတ်ကြိုက်အိမ်တွင်းပုန်းရင်းအလုပ်မအား၍မကြည့်ဖြစ်တာကြာပြီဖြစ်သောဇာတ်ကားများကိုအတိုးချကြည့်နေရင်းအိမ်တွင်းပုန်းနေတာသုံးရက်ရှိပြီဖြစ်သည်။အခုတော့အိမ်တွင်းဆက်ပုန်းလို့မရတော့။ ကိုယ်ငတ်မည့်ကိန်းကြိုမြင်နေသည်မို့ဈေးဝယ်သွားရတော့မည်။

ဖြစ်ပုံကဒီလို။ သူတို့ဆေးရုံတွင်ကားအက်စီးဒန့်ကြောင့်ရောက်လာသောအရေးပေါ်လူနာcaseပြီးတဲ့နေ့ကသူအိမ်ပြန်လာပြီးနောက်တစ်နေ့မနက်ရောက်တော့ဆေးရုံအုပ်ကိုယ်တိုင်ဖုန်းဆက်၍သူ့ကိုခွင့်ရက်ရှည်ပေးကြောင်းနှင့်စိတ်ကြိုက်အနားယူပြီးမှဆေးရုံသို့လာခဲ့ရန်ဖုန်းဆက်ပြောလာခဲ့သည်။

သူကတော့ဆရာဝန်တို့၏ထုံးစံအတိုင်းသူကိုင်လက်က case တွေမပြီးပြတ်သေး၍စိတ်မချကြောင်းပြောတော့ စီနီယာတွေထံအသီးသီးခွဲဝေပေးထားပြီးဖြစ်ကြောင်းပြောလာချိနိမှာတော့ထပ်ပြီးမငြင်းနိုင်တော့။

အစကတော့ရုတ်တရက်ကြီးခွင့်ရက်ရှည်ရတာအံ့ဩမိသေးသည်။ သေချာပြန်စဥ်းစားကြည့်တော့မှအရင်ရက်ကအရေးပေါ်လူနာမှန်သမျှသူပဲဦးဆောင်ကာကိုင်တွယ်ကုသခဲ့တာကြောင့်ပုံမှန်ထက်နှစ်ဆမကပင်ပန်းခဲ့တာကြောင့်ခွင့်ပေးခြင်းဖြစ်လောက်ကြောင်းတွေးမိချိန်မှာတော့သိပ်ပြီးမထူးဆန်းတော့ပေ။

ထို့ကြောင့်နောက်ရက်တွေစားဖို့အတွက်ပါအလုံအလောက်ဝယ်လာပြီးအိမ်ပြန်လာခဲ့တော့သည်။

!ရှပ်...ရှပ်!

ဈေးဝယ်ပြီးလို့သူနေရာကွန်ဒိုတိုက်ခန်းဆီသို့လမ်းလျှောက်ပြန်လာနေစဥ်အနောက်မှနေ၍လိုက်လာသောခြေသံကြား၍အဂ္ဂလျှံခြေလှမ်းတွေကိုပိုမိုမြန်ဆန်ကာလျှောက်မိသည်။

!ရှပ်...ရှပ်!

သူ့ခြေလှမ်းတွေမြန်လိုက်တော့အနောက်ကလိုက်လာသောခြေသံသည်လည်းပိုမိုမြန်ဆန်လာသဖြင့်ကြောက်စိတ်ဝင်လာကာပို၍မြန်မြန်လျောက်လိုက်ပြီးအခန်းရှေ့ရောက်တော့မှအမြန်ပြေးဝင်ကာ လက်ဗွေစနစ်ပါသောအခန်းတံခါးကိုဖွင့်ပြီးပြေးဝင်မိသည်။ အခန်းထဲရောက်မှလုံးလုံးစိတ်အေးသွားရကာသက်ပြင်းချပြီးနောက်လက်ထဲကိုအထုတ်တွေကိုကြမ်းပြင်ပေါ်သို့ချလိုက်ပြီး အခန်းတံခါးတွင်တပ်ထားသောမော်နီတာမှတစ်ဆင့်အပြင်ဖက်ကိုကြည့်လိုက်တော့မည်သူမှရှိမနေ။

ချစ်ခြင်းထာဝရတည်စေသော် ( ချစ်ခြင်းထာဝရတည်စေသော်) CompletedWhere stories live. Discover now