(69)

4K 199 15
                                    

" အမေကြီး အချိုတွေလျော့စားဖို့မှာထားတာကိုစကားနားမထောင်ပြန်ဘူးလားဗျ "

" မပြောပါနဲ့တော့ဆရာလေးရယ် တစ်သက်လုံးကအချိုကိုစိတ်ကြိုက်စားလာတာ အခုဒီရောဂါကြီးဖြစ်မှရှောင်ရမယ်ဆိုတော့စိတ်ကထိန်းမနိုင်ဘူးရယ် "

" နိုင်အောင်ထိန်းပါဗျ အခုဆိုအမေကြီးရဲ့မြေးလေးကအထက်တန်းတောင်ရောက်​နေပြီလေ ဘွဲ့ရတော့မတူတူဓာတ်ပုံရိုက်ချင်တယ်ဆို အဲ့ဒါဆိုရင်တော့အချိုလျော့စားရမယ်ဗျ ဆီးချိုဆိုတဲ့အမျိုးကဖြစ်မိရင်လုံးဝပျောက်သွားတာမျိုးမဟုတ်တော့အစားအသောက်ကနေထိန်းနိုင်ရင်တော့သက်တမ်းစေ့နေနိုင်ပါတယ်ဗျ "

"ဟုတ်ပါပြီတော် နောက်ဆိုမစားတော့ပါဘူး ကျုပ်မြေးလေးဘွဲ့ရသွားတာတော့မြင်ချင်ပါသေးတော် "

" ဒီလိုမှပေါ့ဗျ "

အသက်ခြောက်ဆယ်ကျော်အရွယ်အမယ်အိုကြီးအားချော့မော့နေသောဆရာဝန်လေးသည်မျက်နှာလေးကအပြုံးလေးတစ်ခုကိုဆင်မြန်းထားလျက်မြင်သူရင်အေးအောင်စွမ်းဆောင်နိုင်လွန်းသည်။

ရုပ်ရည်ချောမောသလိုသဘောလည်းကောင်း ဆေးကုသရာမှလည်းတော်သောဆရာဝန်လေးသည်ဒီရွာမှာတော့တစ်ရွာလုံးအချစ်တော်ပင်။ မျက်မှန်းကိုင်းလေးကိုရှည်သွယ်သွယ်လက်ညှိုးလေးဖြင့်ပင့်မသောပုံစံလေးမှာဆွဲဆောင်မှုရှိလွန်း၍ရွာထဲမှာအပျိုလေးများကလည်းသဲသဲလှုပ်ပင်။ အချုပ်အားဖြင့်ဆိုပါက ဆရာလေးအဂ္ဂလျှံဟုဆိုလိုက်လျှင်တစ်ရွာလုံးကလေးမှအစခွေးအဆုံးမသိသူမရှိလောက်အောင်ကိုလူချစ်လူခင်ပေါများလှသည်။

ဝေးလံခေါင်ပါးလှသောမြောက်ပိုင်းနယ်မြေထဲရှိ 'ကုန်းဖြူ'ရွာလေးသည်လမ်းပန်းဆက်သွယ်ရေးလည်းသိပ်မကောင်းပေ။ ရွာတွင်ဆေးရုံအသေးစားလေးရှိသော်လည်းဆရာဝန်ဦးရေကဖြင့်သုံးယောက်သာရှိလေပြီး အဂ္ဂလျှံကတော့ထိုသုံးယောက်ထဲမှတစ်ယောက်အပါအဝင်ဖြစ်သည်။

ယခုလက်ရှိအချိန်တွင်တော့စိတ်ထားကောင်းပြီးအေးချမ်းလီသောဆရာဝန်လေးဆေးကုသနေသည်အားတစ်နေရာမှချောင်းကြည့်ကာ သားရည်တမြားမြားကျနေသောဝံပုလွေတစ်ကောင်လည်းရှိလေသည်။ ထိုသူကားအခြားလူမဟုတ် မြောက်ပိုင်းတစ်ခုလုံးအားအစိုးရသူစဝ်ခွန်ယင်းပင်ဖြစ်လေသည်။

ချစ်ခြင်းထာဝရတည်စေသော် ( ချစ်ခြင်းထာဝရတည်စေသော်) CompletedWhere stories live. Discover now