(43)

5.4K 223 2
                                    


ကေသရာသွေးမာန်ဆုံးပါးသွားချိန်တွင်
ကရာဇသွေးမာန်သည်အသက်ဆယ့်ရှစ်နှစ်ပြည့်ပြီးခါစလေးပင်ရှိသေးသည်။ လူကြီးတွေရဲ့အချစ်အမုန်းအာဃာတတွေနှင့်အလုပ်ရှုပ်နေချိန်တွင်လူငယ်လေးရာဇသွေးမာန်ကတော့ သူ့ဦးငယ်လေးကိုသာတွေ့ချင်ခဲ့သည်။

အဖေတို့ပြောတာတော့ဦးငယ်လေးက ကိုယ့်ကိုကိုယ်သတ်သေသွားတာတဲ့။ ရာဇသွေးမာန်ကတော့မယုံပေ။ အရင်ပတ်ကတောင်သူ့အတွက်မွေးနေ့လက်ဆောင်ဆိုပြီး snow ball ကိုကိုယ်တိုင်ပြုလုပ်ပြီးပေးခဲ့သူဦးငယ်သည် အခုတော့သေဆုံးသွားပြီတဲ့။ ဦးငယ်နှင့်သူဟာအသက်လေးဆယ်နှစ်လောက်သာကွာသည်မို့ရာဇသွေးမာန်အတွက်တော့ ဦးငယ်ဆိုတာသူ့အတွက်အဖေလိုအစ်ကိုလိုသူငယ်ချင်းလိုတွယ်တာရသူတစ်ယောက်ပင်ဖြစ်လေသည်။

ဦးငယ်သေပြီလို့ပြောကြသောအဖေတို့ကရာဇသွေးမာန်အားဦးငယ်၏ရုပ်အလောင်းကိုကြည့်ခွင့်မပေးသလိုဈာပနပွဲပင်တက်ရောက်ခွင့်မပေးခဲ့ကြပေ။ ထို့ကြောင့်လူငယ်လေးရာဇသွေးမာန်ထင်နေသည်ကတော့သူ့ဦးငယ်လေးမှာသေဆုံးသွားခြင်းမဟုတ်လောက်ဟုတွေးထင်ခဲ့ကာ ညဖက်ကြီးတစ်ယောက်တည်းခိုးထွက်၍ဦးငယ်ကိုလိုက်ရှာခဲ့သည်။

လမ်းပေါ်မှာတစ်ယောက်တည်းလျောက်သွားနေရင်းမှ ဦးငယ်၏အရင်းနှီးသူငယ်ချင်းဟုဦးငယ်မိတ်ဆက်ပေးဖူးသော 'ဘုန်းမြင့်မိုရ်မောက်' ဆိုသောအစ်ကိုကြီးဆီသို့သွားရန် Taxi ငှားလိုက်သည်။ ထိုလူ၏နေရာသို့ဦးငယ်နှင့်အတူရောက်ဖူးခဲ့၍ ဘယ်နေရာမှာနေသည်ဆိုတာသူမှတ်မိနေသည်။

Taxi ပေါ်မှာလိုက်လာစဥ်တစ်လျောက်လုံး သူ့ဦးငယ်သေဆုံးတာအမှန်မဖြစ်ပါစေနဲ့လို့ဆုတောင်းနေရင်းမှ Taxi ၏ဦးတည်ရာသည်သူသွားလိုသောနေရာမဟုတ်မှန်းသတိထားမိသည်။

Taxi မောင်းသူကိုကြည့်တော့လည်း ဦးထုပ်အနက်တစ်လုံးဆောင်းထားကာ Madk ပါတပ်ထား၍ရုပ်ရည်ကိုမမြင်ရ။ သို့သော်ထိုလူ၏ဘေးတွင်ချထားသောအသံတိတ်ပြောင်းတပ်ဆင်ထားသောသေနတ်တစ်လက်ကထိုလူဟာလူကောင်းမဟုတ်ကြောင်းညွှန်ပြနေလေသည်။

အစောပိုင်းက ကိုယ့်အပူနှင့်ကိုယ်ဖြစ်နေသောရာဇသွေးမာန်သည်ထိုအခါမှထိတ်လန့်တုန်လှုပ်လာရပြီး ဘာလုပ်ရမှန်းမသိဖြစ်လာခဲ့သည်။ ကားကလည်းမြို့အပြင်ကိုပင်ရောက်နေလေပြီမို့ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပြီးကားတံခါးကိုဖွင့်ကာ ကားပေါ်မှခုန်ချရန်ရွေးချယ်လိုက်တော့သည်။

ချစ်ခြင်းထာဝရတည်စေသော် ( ချစ်ခြင်းထာဝရတည်စေသော်) CompletedWhere stories live. Discover now