(73)

4.2K 192 10
                                    

" မေမေ့.. ထပါဦး..သားကြောက်တယ်..."

အလုံပိတ်ထားသောအိမ်ငယ်လေးအတွင်းတွင်မီးခိုးငွေ့တွေကနေရာအနှံ့ရှိနေပြီး ထိုအထဲမှာမှ လဲကျနေသောအမျိုးသမီးတစ်ယောက်နှင့်ငိုယိုရင်းအမေဖြစ်သူကိုနိုးနေသောအသက်ဆယ်နှစ်အရွယ်ရင်ခွင်မုန်းလေးလည်းရှိနေသည်။ ရင်ခွင်မုန်းငယ်လေးသည်ကြာလေအသက်ရှူကြပ်လေဖြစ်လာရပြီး ပိတ်ထားသောတံခါးကိုသူ့ခွန်အားလေးဖြင့်ပြေးကာထုရိုက်ပြီးဖွင့်ဖို့ကြိုးစားလေသည်။ ထိုသို့ကြိုးစားနေစဥ်အတွင်းမှာလည်းအမေဖြစ်သူများနိုးလာလေမလားဟူသောမျှော်လင့်ချက်လေးဖြင့်အော်နိုးဖို့ကိုလည်းမမေ့။

ထိုအချိန်မှာပဲ မြင်ကွင်းကတဖြည်းဖြည်းနှင့် ဦးကောင်းကင်မိုးသေဆုံးစဥ်ကမြင်ကွင်းအဖြစ်သို့ပြောင်းလဲသွားလေသည်။
ဆယ်နှစ်သာသာအရွယ်ကလေးလေးမှ အရွယ်ရောက်ပြီးသောအမုန်းအဖြစ်သို့ပြောင်းလဲသွားပြီး လဲကျသေဆုံးနေသောလူမှာဦးကောင်းကင်မိုးဖြစ်သွားလေသည်။ မျက်လုံးမှိတ်ပြီးလဲကျနေသောဦးကောင်းကင်မိုးသည်ရုတ်တရက်ကြီးထလာပြီးနောက်အမုန်းအားနာကျည်းချက်တွေပြည့်နေသောအကြည့်ဖြင့်စိုက်ကြည့်နေသည်။

" မင်းကြောင့်..မင်းသာမွေးဖွားမလာခဲ့ရင်မင်းအမေလည်းမသေသလိုငါလည်းသေရမှာမဟုတ်ဘူး အရာအားလုံးကမင်းကြောင့်ပဲ.."

မုန်းတီးမှုတွေပြည့်နေသောစကားအားပြောနေရင်းဦးကောင်းကင်မိုး၏မျက်လုံးအစုံမှသွေးမျက်ရည်များစီးကျလာလေသည်။ ထိုဖြစ်ရပ်ကိုတွေ့မြင်နေရသူအမုန်းမှာတော့ မီးတွေပတ်လည်ဝိုင်းနေသောနေရာမှခြေတစ်လှမ်းမျှပင်မရွေ့နိုင်တဲ့မပြင် ဖြစ်သမျှအရာအားလုံးဟာသူ့ကြောင့်မဟုတ်ကြောင်းငြင်းဆန်ချင်သော်လည်းလည်ချောင်းထဲတွင်ဆို့နင့်နေကာစကားတစ်ခွန်းသော်မျှထွက်မလာနိုင်ပေ။ မွန်းကြပ်လွန်းသောခံစားချက်၊ ကြောက်ရွံ့တုန်လှုပ်နေသောခံစားချက်တွေကြောင့်ရှိသမျှအားအကုန်သုံးကာအော်ဟစ်ပစ်လိုက်တော့သည်။

! အား...ကျွန်တော့်ကြောင့်မဟုတ်ဘူး..မဟုတ်ဘူး...!

" အမုန်း..အမုန်းထပါဦး....ဘာမှမဖြစ်ဘူးနော်..အိမ်မက်မက်နေတာပါ....အမုန်း.. "

ချစ်ခြင်းထာဝရတည်စေသော် ( ချစ်ခြင်းထာဝရတည်စေသော်) CompletedWhere stories live. Discover now