(41). ပျောက်သောသူကိုအချိန်တွေကြာလေလွမ်းလေ

5.6K 264 14
                                    

2 years later,

"  ဖရဲသီးလေးရေ မင်းပါးပါးဘယ်သွားနေလဲကွ...ဪမီးဖိုချောင်ထဲမှာလား..ဟုတ်ပါပြီကွာ အဲ့ဒါဆိုဖရဲသီးလေးကဆက်ပြီးဆော့နေနော် ဦးဦးကမင်းပါးပါးဆီသွားလိုက်ဦးမယ် "

လှိုင်းခတ်သံတစ်ယောက် ပုခတ်ထဲတွင်ခြေမြှောက်လက်မြှောက်နှင့်သူ့ဟာသူဆော့နေသောတစ်နှစ်သားအရွယ်ဖရဲသီးလေးအား ကလေးနားမလည်နိုင်သောစကားများကိုမေးကာသူ့ဟာသူပြန်ဖြေပြီးနောက် အိုးခွက်သံများထွက်နေသောမီးဖိုချောင်လေးထဲသို့ဝင်သွားလိုက်သည်။

မီးဖိုထဲတွင်တော့ စိမ်းပြာရောင်ဆွယ်တာလေးကိုဝတ်ဆင်ထားပြီး အပြာနုရောင်အေပရွန်လေးကိုဝတ်ဆင်ထားသောလူငယ်လေးတစ်ယောက်သည် အိုးထဲတွင်ကြော်ထားသောငါးတုံးလေးများကိုတူးမသွားရအောင်သေချာအာရုံစိုက်ပြီးကြော်နေသောကြောင့်
အနောက်မှဝင်လာသောလှိုင်းခတ်သံကိုသတိမထားမိပေ။

" အမုန်း! "

" အမေ့!...ဗုဒ္ဓ.. ဟာ ကိုလှိုင်းလုပ်ပြန်ပြီ အနောက်ကနေအဲ့လိုအသံမပေးဘဲဝင်ဝင်မလာပါနဲ့ဆို မတော်တဆအမုန်းလက်ထဲကယောက်မနဲ့ရိုက်မိရင်ဘယ်လိုလုပ်မလဲပြော "

" အမလေးဗျာ နောက်မလုပ်နဲ့ဆိုမလုပ်တော့ပါဘူးမောင်မင်းကြီးသားရယ် ယောက်မနဲ့တော့မရိုက်ပါနဲ့ဗျာ ဟုတ်ပြီလား "

မျက်နှာတစ်ခုလုံးကိုရှုံ့မဲ့ကာနောက်မလုပ်တော့ပါဟုပြောနေသောကိုလှိုင်းကြောင့်အ​ကြောင်းသိနေသောအမုန်းကနှာခေါင်းလေးရှုံ့ကာပြုံးမိသည်။ အမြဲတမ်းလူကိုစပြီးဆူမိလျှင်နောက်မလုပ်တော့ကြောင်းပြောမယ် ပြီးရင်တော့ဒုံရင်းပဲပြန်ဖြစ်သွားသောကိုလှိုင်းဟာအမုန်းအတွက်တော့ အစ်ကိုတစ်ယောက်လိုအားကိုးရသူပါ။

" ဘာတွေချက်နေတာလဲအမုန်းရ ဒီနေ့အလုပ်မသွားရဘူးလားနောက်ကျနေမယ်နော် "

" ဖရဲသီးလေးကိုထမင်းခွံ့ဖို့အတွက်ငါးကြော်နေတာရယ် ဒါလေးကြော်ပြီးရင်တော့ အမုန်းလည်းသွားတော့မှာပါ ဖရဲသီးလေးအတွက်ထမင်းထုပ်ပြီးရင်ခေါ်သွားလို့ရပြီ "

" အင်းပါ အဲ့ဒါဆိုလည်းကြော်..ဆေးရုံကသူနာပြုလေးတွေ ပြောတယ် ငါးကြော်နဲ့ထမင်းခွံ့တဲ့နေ့ဆိုဖရဲသီးလေးကထမင်းအရမ်းစားနိုင်တယ်တဲ့ "

ချစ်ခြင်းထာဝရတည်စေသော် ( ချစ်ခြင်းထာဝရတည်စေသော်) CompletedWhere stories live. Discover now