(52)

4.8K 233 13
                                    

" ဘယ်လို ကျွန်တော်အပြင်သွားမယ့်ကိစ္စကိုဦးရာဇသွေးမာန်ဆီကခွင့်ပြုချက်တောင်းရဦးမယ်ဟုတ်လား "

" ဟုတ်ပါတယ်အစ်ကိုလေး "

အမုန်းရင်ထဲဒေါသလေးတွေကနေရာယူလာခဲ့လျှင်ဒေါ်စန်းကိုပြောနေသောစကားသံတို့မှာတစ်စထက်တစ်စတင်းမာလာလေသည်။ မနေ့ကပဲကိုလှိုင်းဆီကဖုန်းလက်ခံရရှိခဲ့သည်။ကိုလှိုင်းလည်း 'Y' မြို့တော်ကြီးသို့ပြန်ရောက်ပြီတဲ့။ သူတောင်ပိုင်းကိုရောက်တာတောင်တစ်လပြည့်ဖို့ဆယ်ရက်လောက်လိုသေးတယ်ဆိုပေမယ့် မြောက်ပိုင်းမှာပျော်မွေ့နေသောကိုလှိုင်းလိုလူကတောင်ပိုင်းကိုပြန်ရောက်နေပြီဆိုလို့အမုန်းမှာအံ့ဩရသေးသည်။

မဟုတ်မှလွဲလို့ သူစွပ်စွဲခံရတဲ့ကိစ္စကအမုန်းနှင့်ပတ်သတ်နေသည်ကိုများသိသွားလို့လား။ ဒါမှမဟုတ် သူ့ကိုနှုတ်မဆက်ဘဲဦးရာဇသွေးမာန်ခေါ်ရာနောက်ကိုလိုက်သွားလို့များလားတော့မသိ ဖုန်းထဲကကိုလှိုင်းရဲ့အသံကစိုးရိမ်နေသည့်ဟန်ပေါ်နေလေသည်။ အမုန်းလည်းကိုလှိုင်းကိုရှင်းပြချင်တာနဲ့ ဒီနေ့တွေ့ဖ်ု့အတွက်ချိန်းလိုက်မိတာဖြစ်သည်။

အခုတော့ကိုလှိုင်းကိုသွားတွေ့ဖို့ပြင်ဆင်ပြီး၍သားလေးကိုပါခေါ်ပြီးအပြင်ထွက်ရန်ပြင်တော့မှ ခြံစောင့်အလုပ်သမားကတံခါးကိုဖွင့်မပေး၍ဒေါ်စန်းကိုခေါ်ပြီးမေးကြည့်ရာမှအမုန်းကအပြင်သွားဖို့အရေးဦးရာဇသွေးမာန်ထံသံတော်ဦးတင်ရဦးမည်တဲ့လေ။ ဒါသပ်သပ်ချုပ်ချယ်တာ။

ဘယ်လောက်တောင်မှဒေါသထွက်ဖို့ကောင်းလိုက်သလဲ။ ဒီလူဒီရက်တွေအတွင်းသူတို့သားအဖအပေါ်အစွမ်းကုန်ဖြည့်ဆည်းပေးပြီးအလိုလိုက်ခဲ့လို့ ဒီလူရဲ့သရုပ်မှန်ကိုသူခေတ္တမေ့သွားခဲ့သည်ပဲ။ ဒီလူကအရင်ကလိုပဲအထက်ဆီးဆန်ကာအမုန်းကိုပိတ်လှောင်ထားချင်တုန်းပဲဖြစ်လေသည်။

ဒေါ်စန်းကိုပြောမရမှတော့ ဟိုလူ့ဆီိုုပဲတိုက်ရိုက်စွားလိုက်တာပေါ့။ အမုန်းဆောင့်အောင့်ကာအိမ်ပေါ်ကိုတက်လာခြင်းကြောင့်ခြေလှမ်းလိုက်တိုင်းကြမ်းပြင်ကတဒုန်းဒုန်းမြည်နေလေသည်။ ထို့နောက်ဦးရာဇသွေးမာန်အခန်းဆီသို့သွားကာအခန်းတံခါးခေါက်လိုက်ပြီးဝင်သွားလိုက်သည်။

ချစ်ခြင်းထာဝရတည်စေသော် ( ချစ်ခြင်းထာဝရတည်စေသော်) CompletedWhere stories live. Discover now