(32) ခွဲစိပ်ပြီ

4.5K 218 21
                                    

" ပန်းကလေးဘာမှမစိုးရိမ်နဲ့နော် ကိုကိုကပန်းကလေးကိုခွဲစိပ်ဖို့အတွက်အတော်ဆုံးဆရာဝန်တွေပဲရွေးခေါ်ထားတာမို့လို့သေချာပေါက်အောင်မြင်မှာပါ ခဏလေးပဲအိပ်ပြီးနိုးလာတဲ့အခါပန်းကလေးလဲအခြားလူတွေလိုပျော်ပျော်ရွှင်ရွှင်နဲ့အသက်ရှင်ရတော့မှာ "

ရာဇသွေးမာန်တစ်ယောက်ရောဂါအရှိန်ကြောင့်ယောင်ရမ်းနေသောပန်းကလေး၏လက်ဖမိုးဘေးကိုခပ်ဖွဖွလေးဆုပ်ကိုင်ပြီးအားပေးစကားပြောနေတာ ယခုခွဲခန်းထဲသို့ဝင်ခါနီးအထိပင်။ ပန်းကလေးကိုတင်ဆောင်ထားသောလူနာတင်ကုတင်လေးခွဲခန်းထဲသို့ဝင်သွားမှ ခွဲစိပ်ခန်းရှေ့ကခုံတန်းလေးပေါ်သို့ထိုင်ကာ ပန်းကလေးဘေးကင်းရန်အတွက်ရှိသမျှနတ်တွေဘုရားတွေဆီမှာဆုတောင်းနေမိတော့သည်။

တစ်ဖက်မှာတော့အားပေးမည့်သူမရှိ စောင့်ရှောက်မည့်သူမရှိဘဲ အေးစက်သောခွဲစိပ်ကုတင်ပေါ်တွင်လှဲနေရကာအသားထဲသို့တဖြည်းဖြည်းစီးဝင်လာသောမေ့ဆေးကြောင့်အမြင်တွေဝေဝါးလာချိန်အထိသူ့လက်လေးတစ်ဖက်ကိုဆုပ်ကိုင်ကာနွေးထွေးမှုပေးနိုင်မည့်သူကိုမျှော်လင့်ရင်းမှလုံးဝအသိမဲ့သွားရှာသောကောင်လေးတစ်ယောက်လည်းရှိနေလေသည်။

! တီ...တီ..တီ!

နှလုံးခုန်နှုန်းပြသောစက်မှအရေးပေါ်အချက်ပြသံကြောင့်ရင်ခွင်မုန်း၏ခန္ဓာကိုယ်ထဲမှကျောက်ကပ်တစ်ခြမ်းကိုခွဲထုတ်ရန်တာဝန်ယူရသောလက်ထောက်ဆရာဝန်သည်အထိတ်တလန့်ဖြစ်သွားလေသည်။

" လူနာရဲ့ကိုယ်တွင်းပိုင်းနဲ့ခန္ဓာကိုယ်အောက်ပိုင်းကသွေးတွေဆက်တိုက်ယိုစီးနေပါတယ်..သွေးပေါင်ချိန်လည်းတော်တော်ကိုကျနေပါပြီ "

သူနာပြုဆရာမလေး၏အရေးပေါ်အသိပေးချက်ကိုလျစ်လျူရှုကာကျောက်ကပ်ထုတ်ခြင်းလုပ်ငန်းကိုပဲဆက်လက်လုပ်ကိုင်နေသောဆရာဝန်ကြီးကြောင့်လက်ထောက်ဆရာဝန်သည်တုန်လှုပ်စပြုလာရသည်။
လုပ်လက်စအလုပ်တွေအကုန်လုပ်နေရင်းမှဆရာဝန်ကြီးကိုစိုးရိမ်တကြီးထပ်မံအသိပေးမိသည်။

" ဆရာ လူနာကတော်တော်အခြေအနေမကောင်းတော့ပါဘူး ကြည့်ရတာ the whole body check up လုပ်တုန်းကတစ်ခုခုလွဲချော်ခဲ့တာဖြစ်မယ် လူနာရဲ့အခြေအနေကတော်တော်လေးကိုမူမမှန်ဖြစ်နေတာကိုခွဲစိပ်မှုကိုရပ်လိုက်ရင်ကောင်းမယ်ဆရာ "

ချစ်ခြင်းထာဝရတည်စေသော် ( ချစ်ခြင်းထာဝရတည်စေသော်) CompletedWhere stories live. Discover now