(72)

4.2K 202 8
                                    

'' မလုပ်နဲ့ စဝ်ခွန်ယင်း "

!ဒိုင်း!

စဝ်ခွန်ယင်းရဲ့လုပ်ရပ်ကိုမြင်လိုက်ရသောအခိုက်အတန့်တွင်အဂ္ဂလျှံအတွက်အချစ်အမုန်းနဲ့နာကြည်းချက်စတာတွေကအရေးမပါတော့ပေ။ ထိုအချိန်တွင်သူအဖြစ်ချင်ဆုံးဆန္ဒကတစ်ခုသာရှိသည်။ စဝ်ခွန်ယင်းကိုမသေစေချင်ပေ။ ထိုလူသား၏ဆိုးသွမ်းမှုတွေကိုလက်ခံပေးထားသောသူ့တွင်လည်းအပြစ်ရှိသည်မို့ ထိုအခိုက်အတန့်လေးတွင်အရာခပ်သိမ်းအတွက်ခွင့်လွှတ်နိုင်ပြီး စဝ်ခွန်ယင်းတစ်ယောက်ကိုသာအလိုရှိပါသည်။ သူကိုယ်တိုင်တောင်မသိလိုက်ပါပဲ လျင်မြန်လွန်းသောအရှိန်ဖြင့်စဝ်ခွန်ယင်းထံသို့ခုန်ဝင်သွားပြီး သေနတ်ကိုင်ထားသောလက်ကိုဆွဲလုလိုက်ရာ ကျည်ဆံကထွက်သွားပြီးနောက် နံရံကိုသွားမှန်ပြီး သေးငယ်သောအပေါ်တစ်ခုကိုဖြစ်စေခဲ့သည်။

" ပေးစမ်းအဲ့သေနတ်..ငါ့ကိုပေးစမ်းပါလူဆိုးကောင်ရဲ့... "

စိတ်ပူပင်မှု၊ စိုးရိမ်မှု၊ ကြောက်လန့်မှုနှင့်အတူအမျက်ဒေါသအနည်းငယ်ကပါယှဥ်တွဲပြီးဖြစ်ပေါ်လာလေတော့ အဂ္ဂလျှံ၏အသံတွေကတုန်ယင်နေလေသည်။ စဝ်ခွန်ယင်းထံမှသေနတ်ကိုဆွဲလုပြီးနောက်ခပ်ဝေးဝေးကိုပစ်ထုတ်လိုက်သည်မှာ ထိုအရာသည်ပေါက်ကွဲစေနိုင်သည့်အလား။ ပြန်မကောက်နိုင်လောက်အောင်အဝေးသို့ရောက်သွားတာသေချာမှ ခြေအစုံကမခိုင်တော့ပဲကြမ်းပြူ်ပေါ်သို့ပြိုလဲကျသွားလေတော့သည်။

" မင်းဘာလိုအဲ့လိုလုပ်နိုင်ရတာလဲစဝ်ခွန်ယင်း..ငါ့ကိုတစ်သက်လုံးစိတ်မချမ်းသာရအောင်လို့လား... ဒီလိုနည်းနဲ့သေပြီးဘဝတစ်လျှောက်လုံးမင်းအပေါ်အပြစ်ရှိနေသလိုစိတ်နဲ့ရှင်သန်ခိုင်းမလို့လားစဝ်ခွန်ယင်း "

" မဟုတ်..."

" မဟုတ်ရင်မင်းဘာလို့အဲ့လိုလုပ်ရတာလဲပြောလေ....."

" ကျွန်တော်အစ်ကို့ကိုလက်လွှတ်ဖို့ကြိုးစားခဲ့ရုံလေးပါ...ဒီအတိုင်းသာဆက်ပြီးကျွန်တော်အသက်ရှင်နေသေးတယ်ဆိုရင် အစ်ကို့ကိုဒုက္ခတွေပေးပြီးစိတ်အနှောင့်အယှက်ပေးမိလိမ့်မယ်...ကျွန်တော့်ရဲ့အသက်နဲ့ခန္ဓာတည်မြဲနေသရွေ့အစ်ကို့ကိုပိုင်ဆိုင်ဖို့ကြိုးစားနေမိဦးမှာပဲ..အဲ့လိုမျိုးကိုအစ်ကိုမကြိုက်ဘူးမလား..."

ချစ်ခြင်းထာဝရတည်စေသော် ( ချစ်ခြင်းထာဝရတည်စေသော်) CompletedWhere stories live. Discover now