(55)

4.9K 251 17
                                    

"သခင်လေးပြန်ရောက်လာပါပြီလား..ညစာပြင်လိုက်ရတော့မလား"

" ရတယ်ဒေါ်စန်း..ကျွန်တော်စားခဲ့ပြီးပြီ အမုန်းကောဘယ်မှာလဲ "

"အစ်ကိုလေးကညနေစားပြီးသခင်ငယ်လေးအိပ်ချင်နေလို့သွားသိပ်တယ်"

ရာဇသွေးမာန်အပြေးလေးအပေါ်ထပ်တက်လိုက်တော့ အမုန်ူတို့သားအဖနေထိုင်ရာအခန်းလေးမှသီချင်းသံသဲ့သဲ့လေးကိုကြားလိုက်ရသည်။

🎵 ပျော်ချင်တိုင်းလည်းမပျော်ရပါ..ချစ်မိသူတိုင်းလည်းချစ်ခြင်းမခံခဲ့ရပါ..မသိသေးတဲ့ဒီလောကရဲ့အထာအချစ်ဆိုတာလျှို့ဝှက်ချက်တစ်ခုပါ......

နေသာခိုက်မှာမြင်လို့လေ..တွေ့တဲ့အခါတိုင်းလည်းမိုးမအုံ့ပါဘူးမပြောသာ..ခန့်မှန်းလို့မရကောင်းတဲ့အချင်းအရာ...အချစ်ဆိုတာလျှို့ဝှက်ချက်တစ်ခုပါ.....

အပြုံးနဲ့ယှဥ်တွဲ..နွှဲခဲ့ဖူးတာလည်းအခါခါ..နောက်ဆုံးတော့အငိုသာကျန်စမြဲပါ...ကိုယ့်အတွက်မှာတော့အချစ်စစ်ဆိုတာဟာလေ..ထာဝစဥ်ပေးဆပ်ရခြင်းပါ....

ယုံကြည်လွန်းတဲ့ဒီအချစ်မှာဘဝတစ်ခုကိုရင်းပြီး..မီးနဲ့ရေနဲ့ကစားလာ..အနိုင်အရှုံးတော့ကိုယ်လည်းမသိသေးပါ..အချစ်ဆိုတာလျှို့ဝှက်ချက်တစ်ခုပါ.......🎵

ဦးစိုင်းထီးစိုင်ရဲ့ အချစ်ဆိုတာလျှို့ဝှက်ချစ်တစ်ခုပါ ဟူသောသီချင်းသည်သီဆိုနေသူ၏ရင်တွင်းကခံစားချက်များကိုအပြည့်အဝပုံဖော်ပေးနေသည့်အလားဆွေးဆွေးမြေ့မြေ့ပင်။ ရာဇသွေးမာန်အရင်တုန်းကလည်း အမုန်းဒီသီချင်းဆိုတာကြားဖူးခဲ့သည်။ ထိုအချိန်ကသီချင်း၏အဓိပ္ပါယ်ကိုသေချာနားမထောင်ခဲ့မိပေ။ နောက်ပိုင်းအမုန်းထွက်သွားလေမှ မတော်တဆရေဒီယိုအစီအစဥ်တစ်ခုမှဖွင့်ပြခဲ့သည်ကိုကြားမိပြီး နားထောင်ကြည့်ရာမှ အမုန်းဒီသီချင်းကိုဆိုနေစဥ်မှာဘယ်လိုများခံစားနေရမလဲဆိုတာကိုသိချင်ခဲ့ဖူးသည်။ အခုတော့သူသိခဲ့ပြီထင်သည်။ အဘယ့်ကြောင့်ဆိုသော် အမုန်း၏နေရာကိုသူကိုယ်တိုင်ဝင်ပြီးခံစားကြည့်နေရလို့ပင်ဖြစ်သည်။

(A/N..Malyim ကဒီနေရာမှာနည်းနည်းဝင်ပြီးလျှာရှည်ပါရစေ။ အမှန်တော့အမုန်းနဲ့ရာဇသွေးမာန်ဟာစိတ်ဒဏ်ရာချင်းတူညီလုနီးပါးရှိပါတယ်။ တစ်ချို့သေချာတွေးကြည့်တတ်တဲ့ဒါဒါလေးတွေဆိုရင်သဘောပေါက်မှာပါ။ ရာဇသွေးမာန်ကမုန်းဖို့လည်းကောင်းသလိုသနားဖို့လည်းကောင်းပါတယ်။)

ချစ်ခြင်းထာဝရတည်စေသော် ( ချစ်ခြင်းထာဝရတည်စေသော်) CompletedWhere stories live. Discover now