(6) .အမှတ်တမဲ့တွေ့ဆုံခြင်း

3.5K 215 1
                                    

ပန်းပွင့်ရှိမှ..ရနံ့ရှိမဟုတ်ဘူး...ဖူးသည့်တစ်ငုံထုံသည့်တစ်ပွင့်..နမ်းခွင့်တစ်ရှိုက်ရခိုက်မှာ..ထာဝရအမြဲတည်...နှလုံးသားမှာစဲဲမြဲစွာကျန်ရစ်...ဆွတ်ပျံ့နေချစ်သူသိစေ🎵

"အမုန်း"

!အမေ့...ဗုဒ္ဓ....ဟာ ကိုလှိုင်း အသံလေးဘာလေးပေးမှပေါ့ အမုန်းတော့လန့်ကိုသွားတာပဲ "

အမုန်းတစ်ယောက်တည်း အိမ်အလုပ်တွေအားနေချိန်လေး ဇီဇဝါပန်းပင်တွေမှပိုးကျခြင်နေသောအရွက်များနှင့် စိတ်တိုပိုးကောင်တွေကိုကပ်ကြေးနှင့်ညှပ်ကာ သီချင်းလေးညီးနေတုန်း အနောက်မှရုတ်တရက်ကြီးကပ်ခေါ်လိုက်သံကြောင့်လန်သွားရကာ ဆောင့်ကြောင့်ထိုင်နေရာမှပက်လက်လေးလဲသွားလေသည်။ ထိုဖြစ်စဥ်ကိုဖြစ်ပွားစေသောတရားခံကတော့အမုန်းရဲ့ရှုံ့မဲ့မဲ့မျက်နှာပေးကိုကြည့်ကာဟက်ဟက်ပက်ပက်ရယ်လေတော့အမုန်းမျက်စောင်းကြီးကြီးတစ်ချက်ထိုးပစ်လိုက်သည်။

" ရယ်မနေနဲ့တော့..ပြောပါဦးကိုလှိုင်းခတ်သံ ဘာကိစ္စအိမ်ကိုလာတာလဲ "

အမုန်းကခပ်တည်တည်လေးမေးတော့ ရယ်နေသောလှိုင်းခတ်သံ ကပိုပြီးအူမြူးသွားဟန်တူသည်။ ဗိုက်ကိုနှိပ်ပြီးရယ်နေတာအရယ်မရပ်တော့။ ငယ်နိုင်တွေပီပီအကြောင်းသိသောအမုန်းက စိတ်တိုပိုးကောင်တစ်ကောင်ကပ်နေသောအရွက်ကိုယူပြီး လှိုင်းခတ်သံကိုတို့လိုက်ဟန်ဆောင်လိုက်တော့...

" အား..အမုန်းငါမှားတာပါ မင်းအစ်ကို ကိုဒီတစ်ခါတော့ခွင့်လွှတ်နော်..အဲ့အကောင်နဲ့တော့မတို့ပါနဲ့..ငါတစ်ကယ်ကြောက်လို့ပါ "

" မရဘူးတို့မှာပဲ....ကိုလှိုင်းကအမုန်းကိုကျတော့လှောင်နေပြီးတော့ "

" မလုပ်..မလုပ်ပါနဲ့အမုန်းရယ် ငါရှင်ကြီးခိုးပါရဲ့...အဲ့အကောင်နဲ့မတို့ရင်မင်းကြိုက်တဲ့မုန့်တွေဝယ်ကျွေးမယ်လေ..နော် "

မုန့်ဆိုသည့်အသံကြားသည်နှင့်အမုန်းမျက်လုံးလေးတွေအရောင်တောက်သွားရကာ..

" တစ်ကယ်လား "

" တစ်ကယ်ပါ...မနက်ဖြန်မင်းစျေးသွားရင်ငါ့ကိုခေါ် ငါလိုက်ခဲ့မယ် ပြီးရင်မင်းစားချင်တာအကုန်ဝယ်ကျွေးမယ်ဟုတ်ပြီလား "

ချစ်ခြင်းထာဝရတည်စေသော် ( ချစ်ခြင်းထာဝရတည်စေသော်) CompletedWhere stories live. Discover now