(70)

4.1K 192 9
                                    

နောက်တစ်နေ့မနက်ရောက်လို့အဂ္ဂဆေးရုံကိုရောက်တော့ သူ့ရုံးခန်းထဲတွင်စဝ်ခွန်ယင်းသည်ပိုင်စိုးပိုင်းနင်းဖြင့်ဝင်ရောက်ကာမည်းမှောင်သောမျက်နှာထားနှင့်ထိုင်နေသည်ကိုတွေ့လိုက်ရလေသည်။

'ကျစ်! မနက်စောစောအကုသိုလ်ပဲ '

စိတ်အချဥ်ပေါက်ပေါက်နှင့်တွေးလိုက်ပြီး ချက်ချင်းလှည့်ထွက်ရန်အပြင် သူ့အနောက်မှစဝ်ခွန်ယင်း၏အေးစက်စက်အသံကိုကြားလိုက်ရသည်။

" ကိုအဂ္ဂလျှံ အခုချက်ချင်းရပ်နေလိုက် "

အဂ္ဂ၏ခြေလှမ်းတွေကခေတ္တမျှသာတွန့်ဆုတ်သွားပြီးနောက် ဆက်သွားလိုက်တော့ သူ့အနောက်ကနေကြမ်းတမ်းလွန်းသောခြေသံကိုကြားလိုက်ရပြီး လက်တစ်ဖက်ကဆောင့်ဆွဲခံလိုက်ရပြီး လူကလည်ထွက်သွားရကာ စဂ်ခွန်ယင်း၏ရင်ခွင်ထဲသို့ပစ်စလက်ခတ်လဲပြိုသွားရသည်။ စဝ်ခွန်ယင်းကထိန်းပွေ့ထားလို့သာလဲကျမသွားတာဖြစ်သည်။ လက်လွတ်စပါယ်လုပ်တတ်သူကြောင့်စိတ်ကထောင်းခနဲဒေါသထွက်သွားရကာ စဝ်ခွန်ယင်းဆွဲကိုင်ထားသောလက်ကိုဆောင့်ရုန်းလိုက်ပြီး စဝ်ခွန်ယင်းရင်ခွင်ထဲကထွက်ဖို့လုပ်တော့လွှတ်မပေးပေ။

" လွှတ်စမ်းစဝ်ခွန်ယင်း ဒါကဆေးရုံနော်သိပ်ပြီးရုပ်ပေါက်အောင်လာမလုပ်နဲ့ "

"မလုပ်စေချင်ရင်ခင်ဗျားကကျွန်တော့်စကားနားထောင်လေ....ဘာလို့ကျုပ်ကိုရှောင်သွားရတာလဲ "

စကားပြောတာက ကျုပ်ဖြစ်လိုက်ကျွန်တော်ဖြစ်လိုက်နှင့် စဝ်ခွန်ယင်း၏ပုံစံကြည့်ရတာပုံမှန်မဟုတ်ပေ။ သွေးကြောနီတို့ယှက်ဖြာနေသောမျက်လုံးတို့ကညမအိပ်ခဲ့ရကြောင်းပြောပြနေသလို တင်းကားနေသောမေးရိုးကြီးများကဒေါသထွက်နေကြောင်းကိုတိတ်တဆိတ်ပြောပြနေလေသည်။ အရင်ကစိတ်နဲ့ဆိုရင် စဝ်ခွန်ယင်းရဲ့အခုလိုပုံစံကိုမြင်လိုက်တာနဲ့ချက်ချင်းစိတ်ပျော့သွားပြီးညအရာရာလိုက်လျောပေးခဲ့မှာပင်။ သို့သော်ယခုအချိန်မှာတော့ ဒါတွေကိုလျစ်လျူရှုချင်​နေမိသည်။ အခုအချိန်မှာသူအဖြစ်ချင်ဆုံးဆန္ဒကစဝ်ခွန်ယင်းနှင့်မျက်နှာချင်းမဆိုင်ရဖို့ဖြစ်သည်။ စ်ခွန်ယင်းရဲ့မျက်နှာကိုမြင်လိုက်တာနဲ့ အချိန်တိုအတွင်းမှာသူတည်ဆောက်ထားခဲ့ရသောကြံ့ခိုင်မှုတို့ကပြိုလဲကျသွားလိမ့်မည်။

ချစ်ခြင်းထာဝရတည်စေသော် ( ချစ်ခြင်းထာဝရတည်စေသော်) CompletedWhere stories live. Discover now