(22)မိသားစုနှင့်တွေ့ဆုံခြင်း

3.8K 190 0
                                    

အမုန်းတစ်ယောက်မှန်ရှေ့မှာရပ်နေမိတာတော်တော်ကြာနေပြီဖြစ်သည်။မှန်ထဲတွင်ပေါ်နေသောကိုယ့်ပုံရိပ်ကိုကြည့်ပြီး ပထမဆုံးအကြိမ်အဖြစ် မရင်းနှီးသလိုခံစားရသည်။ မှန်ထဲကရင်ခွင်မုန်းသည် နက်ပြာရောင်အနောက်တိုင်းဝတ်စုံကိုဝတ်ဆင်ထားပြီး နက်မှောင်နေသောဆံနွယ်တွေကတော့ သေသပ်စွာဖြင့်အနောက်သို့လှန်ထားလေသည်။ သူ့ဘယ်ဖက်လက်သန်းကြွယ်လေးမှာတော့ ဦးရာဇသွေးမာန်ဝတ်ခိုင်းထားသဖြင့်သူဝတ်ဆင်ထားသောရေခဲပြာရောင်ကျောက်လေးများနှင့်အဖြူရောင်ကျောက်လေးများကိုတစ်လုံးခြားစီပုံစံဖြင့်လက်စွပ်တစ်ကွင်းလုံးကိုစီချယ်ထားသောလက်စွပ်တစ်ကွင်းကိုဝတ်ဆင်ထားလေသည်။

" မှန်ရှေ့မှာမတ်တပ်ရပ်ရင်းအသက်ထွက်သွားပြီလား .....ကျစ် နက်ခ်တိုင်ကအခုထိမတပ်ရသေးဘူး...မင်းကိုငါအဝတ်လဲခိုင်းထားတာကြာနေပြီအခုထိမပြီးသေးရအောင်ဘာလုပ်နေလဲ"

ဟုတ်တော့လည်းဟုတ်ပါသည်။ ဦးရာဇသွေးမာန်အမုန်းကိုအဝတ်လဲခိုင်းထားတာကကြာနေပြီ။ အမုန်းအခုထိမပြီးရသေးရခြင်းရဲ့အကြောင်းကအမုန်းနက်ခ်တိုင်မတပ်တတ်လို့ပင်။ အစကသူ့ဆီအကူအညီတောင်းဖို့စဉ်းစားမိသေးသော်လည်း စူပုတ်နေသောသူ့မျက်နှာကြီးကိုမြင်ယောင်မိတော့ထိုအကြံကိုလက်လျော့လိုက်တော့သည်။ အခုစိတ်မရှည်၍ဦးရာဇသွေးမာန်ကိုယ်တိုင်အခန်းထဲဝင်လာမှ အခြေအနေကပိုဆိုးလေပြီ။ ကြံရာမရသည့်အဆုံးအမုန်းကိုစိတ်မရှည်သလိုစိာက်ကြည့်နေသောဦးရာဇသွေးမာန်ကိုသာအကူအညီတောင်းရတော့သည်။

"ဟို....အမုန်းနက်ခ်တိုင်မတပ်တတ်လို့ပါ"

"အာ....ဟုတ်သားပဲငါမေ့သွားတယ် မင်းလိုလူကဒီလိုအဝတ်တွေကိုဘယ်လိုလုပ်ဝတ်တတ်မှာလဲ"

ရာဇသွေးမာန်သည် သူ၏လှောင်ပြောင်စကား‌ကြောင့်မျက်နှာလေးညှိုးကာခေါင်းငုံ့ကျသွားသောထိုဟာလေး‌ကြောင့် စိတ်မရှည်သလိုကျစ်တစ်ချက်စုပ်ကာ.....

"ဒီကိုလာခဲ့ နောက်ကျတော့မှာပဲ ဟိုရောက်ရင်ငါမှာထားတာတွေမေ့မနေနဲ့ဦး "

" စကားကိုနည်းနည်း‌ပဲ‌ပြော ဘယ်သူတွေဘာ‌ပြောပြောပြန်မပြောနဲ့ လူကြီးတွေကတစ်ခုခုပေးရင်ယူထားလိုက် သူများတွေရှေ့မှာကျွန်တော်တို့နှစ်ယောက်အဆင်ပြေသလိုဟန်ဆောင်ရမယ် ဒါပဲမလား "

ချစ်ခြင်းထာဝရတည်စေသော် ( ချစ်ခြင်းထာဝရတည်စေသော်) CompletedWhere stories live. Discover now