(2). ရင်ခွင်မုန်း

5.8K 265 3
                                    

'M'နိုင်ငံတောင်ပိုင်းသည်တောင်တန်းဒေသဖြစ်ပြီး ထိုဒေသအတွင်းတွင်တည်ရှိသော ရွာလေးတစ်ရွာ၏လမ်းမထက်တွင်အသက်အားဖြင့်ဆယ့်နှစ်နှစ်ခန့်ရှိသောအရွယ်မတိမ်းမယိမ်းကလေးတစ်သိုက်သည် ဘောလုံးကန်နေကြသဖြင့်လမ်းတစ်လျှောက်လုံးဖုန်များတထောင်းထောင်းထနေလျက် ဆူညံနေကြသည်။ ထိုကလေးတွေနှင့်မလှမ်းမကမ်းတွင်ရှိသောသရက်ပင်ကြီးအောက်တွင်တော့ တစ်ကိုယ်လုံးညစ်ပတ်ပေနေသော ဆယ်ကျော်သက်ကောင်လေးတစ်ယောက်က တောက်ပသောမျက်ဝန်းကြီးများဖြင့်ဘောလုံးကန်နေကြသောကလေးများအားကြည့်နေသည်။

ထိုကလေးသည်လည်းအသက်အားဖြင့်ဆယ်နှစ်ကျော်ရုံလေးသာရှိလောက်မည်ထင်ရပြီး လူကပိန်လှီနေကာဝတ်ဆင်ထားသောအဝတ်များမှာလည်း မလျော်မဖွတ်တာကြာပြီဖြစ်၍ညစ်ပေနေကာဖိနပ်များလည်းမပါ။ လက်ထဲတွင်လည်း သူ့တစ်ကိုယ်လုံးထက်ပင်ကြီးနေသောအိတ်ကြီးတစ်လုံးကိုကျောပေါ်တင်၍လွယ်ထားလေပြီး တစ်ကိုယ်လုံးကိုခြုံကြည့်ပါကထိုကလေးသည် လမ်းတွေပေါ်တွင်လျှောက်သွားကာအမှိုက်ကောက်ခြင်းဖြင့်အသက်မွေးသောကလေးဖြစ်သည်မှာသိသာလေသည်။

ထိုကလေးသည် ဘောလုံးကန်နေသည့်ကလေးများကိုအားရအောင်ကြည့်ပြီးနောက်မိမိအလုပ်ကိုဆက်လက်လုပ်ရန်သူ့ကျောပေါ်ကအိတ်ကြီးကိုတရွတ်တိုက်ဆွဲပြီးထွက်ခွာရန်အပြင် ဘောလုံးလေးတစ်လုံးသည်သူ့ခြေထောက်နားသို့လှိမ့်လာပြီး သိပ်မကြာခင်မှာပဲအော်သံခပ်စူးစူးတစ်ခုကိုကြားလိုက်ရသည်။

" ဟေ့ မိဘမဲ့ကောင် ငါတို့ဘောလုံးကိုကောက်လာပေးစမ်း "

ကလေးဗိုလ်ဖြစ်ဟန်တူသော ကလေးတစ်ယောက်၏တင်တင်စီးစီးစကားကို ထိုကလေးငယ်ကမကြားဟန်ဆောင်ကြီးဆက်လက်သွားမည်အပြုတွင်...

" ဟေ့ မိဘမဲ့အမှိုက်ကောက်သမားကောင် မင်းကိုပြောနေတာမကြားဘူးလား ဘောလုံးကောက်ပေးလို့ နားကန်းနေလား "

ဒီတစ်ခါတွင်တော့ ထိုကလေးငယ်ကသည်းမခံနိုင်တော့ဟန်တူသည်။ သူ့တစ်ကိုယ်လုံးမှာမှအလှပဆုံးဟုဆိုနိုင်သောမျက်လုံးရွဲကြီးများဖြင့် သူ့ကိုအော်ပြောနေသောကလေးဗိုလ်ထံသို့စူးစူးစိုက်စိုက်ကြည့်ကာ....

ချစ်ခြင်းထာဝရတည်စေသော် ( ချစ်ခြင်းထာဝရတည်စေသော်) CompletedWhere stories live. Discover now