(65)

4.8K 226 24
                                    

" ခင်ဗျား နေ့လည်စာစားပြီးပြီလားဟင် "

အထုပ်တွေအပိုးတွေတစ်ပုံကြီးကိုသယ်လာပြီးနောက်စားပွဲပေါ်တင်ကာ သူ့ဆီသို့မဝံ့မရဲပုံလေးဖြင့်မေးလာသူလေးကြောင့်ရာဇသွေးမာန်အသည်းယားသွားရသည်။ အမှန်ဆိုသူကသတင်းအရင်ရထားပြီးသားပင်။ အမုန်းကအရင်နှစ်ရက်တည်းကဆေးရုံဆင်းပြီးပြီဖြစ်ပြီး ဒီနေ့တော့မနက်အစောကြီးထပြီးသူ့အတွက်ချက်ပြုတ်နေသည်ဆိုသောသတင်းကိုအိမ်တော်ထိန်းဒေါ်စန်းမှဝမ်းသာအားရဖြင့်ဖုန်းဆက်ပြောသဖြင့် သူမှာတစ်မနက်လုံးဘာမှပင်မစားပဲစောင့်နေခြင်းဖြစ်သည်။

" ဆေးရုံကကျွေးတာတွေကအရသာမရှိလို့ ကိုယ်မစားချင်တာနဲ့အခုထိမစားရသေးဘူး "

" ဟုတ်လား..အဲ့ဒါဆိုအတော်ပဲ ကျွန်တော်အိမ်ကနေတို့ဟူးနွေးလေးလုပ်လာခဲ့တယ်...ရှမ်းခေါက်ဆွဲကပဲပုတ်ချဥ်ပါတော့ ဦးမာန်ရဲ့ဒဏ်ရာယားလာမှာဆိုးလို့....ကြက်စွပ်ပြုတ်ချဥ်စပ်လေးလဲပါတယ်စားတော့မလား "

" အင်း အခုစားမယ်လေ....မင်းလက်ရာလေးကိုကိုယ်လွမ်းနေတာနဲ့အတော်ပဲ "

ဘာရယ်တော့မဟုတ်ပေမယ့်ကိုယ့်လက်ရာလေးကိုသတိတရရှိတယ်ဆိုတော့အမုန်းနည်းနည်းတော့ကျေနပ်သွားမိသည်။ ခဲပျစ်သွားရင်စားမကောင်းဘဲနေမှာဆိုးလို့အနွေးဓာတ်ပေးသောချိုင့်လေးနှင့်သေချာပြင်ထည့်လာသော တို့ဟူးနွေးနှင့်ကြက်စွပ်ပြုတ်လေးကိုအပြင်ထုတ်လိုက်ပြီးနောက်စားပွဲပေါ်သို့သေချာပြင်ပေးလိုက်သည်။ အမုန်းပြင်ပြီးသည်အထိစားပွဲပေါ်ကဟာတွေကိုမထိသောဦးမာန်ကြောင့် 'ဘာလို့လဲ'ဟုအဓိပ္ပယ်ရသောအကြည့်လေးနှင့်အမုန်းကြည့်မိသည်။ထိုအခါဦးမာန်ကသဘောပေါက်စွာနဲ့ခိက်ချင်းပင်ရယ်လိုက်ကာသနားစဖွယ်မျက်နှာပေးလေးနှင့်ဖြေရှင်းလာခဲ့သည်။

" အဟွန်း....ကိုယ့်ညာဖက်ပုခုံးကဒဏ်ရာရထားတာဆိုတော့ကိုယ့်လက်မြှောက်လို့အဆင်မပြေဘူးလေ...ကိုယ်ကလည်းညာသန်ဆိုတော့ဘယ်လိုစားရမလဲစဥ်းစားနေတာပါ "

"အဲ့ဒါဆိုအခါတိုင်းဦးမာန်စားတော့ဘယ်လိုစားလဲဟင် "

"ဒီလိုပါပဲကွာ မေမေတို့ငှားပေးထားတဲ့သူနာပြုခွံ့တာများပါတယ်..အခုတော့ကိုယ်ဗိုက်ဆာနေပြီမလို့သူနာပြုလာအောင်မစောင့်နိုင်တော့ဘူး..အမုန်းကိုယ့်ကိုခွံ့ကျွေးလို့ရမလားဟင်...အဆင်မပြေလဲပြောပါ ကိုယ်ကတော့သူနာပြုလာတဲ့အထိဗိုက်ဆာခံပြီးစောင့်ရမှာပေါ့..ပြောရင်းမှဗိုက်ကပိုဆာလာသလိုပဲ ကိုယ်မနေ့ညနေတည်းကဘာမှမစားရသေးဘူး "

ချစ်ခြင်းထာဝရတည်စေသော် ( ချစ်ခြင်းထာဝရတည်စေသော်) CompletedWhere stories live. Discover now