(44)

5.3K 244 9
                                    

အဲ့ဒီနေ့မှစလို့ရာဇသွေးမာန်အသက်ရှင်ရသောနေ့ရက်တိုင်းတွင် နောင်တများလွမ်းဆွေးမှုများနှင့်ကိုယ့်ကိုကိုယ်အပြစ်တင်စိတ်များကိုပိုက်၍ရှင်သန်ခဲ့ရသည်။ အမုန်း၏သတင်းကိုနေရာအနှံ့တွင်စုံစမ်းခဲ့သော်လည်း ပျောက်ချက်သားကောင်းနေသူကအပုန်းတော်သည်ထင်သည်သူဘယ်နေရာမှာမှရှာမတွေ့ခဲ့။

အမုန်းကျန်နေခဲ့သောပစ္စည်းတွေထဲမှသဲလွန်စလေးရလိုရငြားရှာဖွေကြည့်သော်လည်း ဘာဆိုဘာမျှမတွေ့ရ။ ထို့အစားရာဇသွေးမာန်ကိုရင်ကွဲစေနိုင်လောက်သော စွပ်ကျယ်အနွမ်းလေးနှစ်ထည်ရယ် အကျီအသုတ်လေးသုံးထည်ရယ်နှင့်ပုဆိုးအဟောင်းလေးသုံးကွင်းကိုသာ အမုန်းကိုင်နေကျလွယ်အိတ်အစုတ်ထဲတွင်ထုပ်လျက်သားလေးတွေ့ခဲ့ရသည်။

ထိုအရာတွေမြင်လေ ရာဇသွေးမာန်ကိုယ့်ကိုကိုယ်ပြန်သတ်ချင်လေပဲ။ ။ ထိုပစ္စည်းတွေမြင်အတိတ်တုန်းကထိုလူသားလေးချို့တဲ့စွာ​ရှင်သန်နေရကြောင်းသူသိသော်လည်းအဓိပ္ပယ်မရှိသောခံစားချက်တွေကြောင့်မျက်ကွယ်ပြုခဲ့မိသည်။ ထိုပစ္စည်းလေးတွေမြင်တိုင်းသူ့အပြစ်ရှိစိတ်ကပိုဆိုးလာသည်မို့မမြင်တွေ့ရတော့ရန်လွှင့်ပစ်ချင်မိသော်လည်းသူမလုပ်ရက်ပေ။ အဘယ့်ကြောင့်ဆိုသော်ထိုပစ္စည်းလေးတွေကသာ တစ်ယောက်သောသူ၏ကိုယ်ငွေ့လေးတွေစွဲကျန်နေခဲ့သောကြောင့်ပင်။

အချိန်တွေကြာလေ ရာဇသွေးမာန့်ရင်ထဲပိုမိုပူလောင်လာလေပင်။ ထိုလူသားလေးကျန်းမာရေးမှကောင်းရဲ့လား ကျောက်ကပ်တစ်ခြမ်းလှူထားရသည့်အပြင် ကိုယ်ဝန်လည်းပျက်ကျထားသည်မို့သူစိတ်ပူမိသည်။ ထိုအထဲမှာမှသူ့ကြောင့်ရခဲ့သောစိတ်ဒဏ်ရာတွေ ကိုယ်ခန္ဓာမှဒဏ်ရာတွေရယ်ကြောက့် ထိုလူသားလေးသည်းခံနိုင်ပါ့မလားတွေးပူမိသည်။

ကျောက်ကပ်လှူသည့်အကြောင်းစဥ်းစားမိရင် ဒေါ်နန်းထိုက်ပန်းမိသားစုအပေါ်ရာဇသွေးမာန်၏အမုန်းတရားတို့ကပိုမိုကြီးမားလာခဲ့ရသည်။ နန်းထိုက်ပန်းအပေါ်ကိုတောင်သူ့စိတ်ကအရင်လိုမဟုတ်တော့။ ကျေးဇူးတရားကကျေးဇူးတရားသပ်သပ်ဖြစ်ပြီး အပြစ်ကြွေးကအပြစ်ကြွေးသပ်သပ်ပေမို့ သူ K.N ဆေးရုံလုပ်ခဲ့သမျှအပုပ်အပွတွေနှင့်အတူ အမုန်းအပေါ်လုပ်ခဲ့သောအပြစ်တွေကိုပါဖော်ထုတ်၍ဒေဝါလီခံရအောင်အထိသူထိုးနှက်ပစ်ခဲ့သည်။

ချစ်ခြင်းထာဝရတည်စေသော် ( ချစ်ခြင်းထာဝရတည်စေသော်) CompletedWhere stories live. Discover now