Zawgyi (75) Final

1K 31 8
                                    

" မင်းမသိလို့အဲ့ဒီ့အချိန်တုန်းကငါတစ်ကယ်ကိုသေချင်နေတာကွ.....အစ်ကိုသာငါ့ကိုမချစ်တော့ဘူးဆိုရင်ငါလည်းဒီဘဝမှာဆက်နေဖို့အင်အားမရှိတော့ဘူး....အဲ့တာကြောင့်ငါ့အပေါ်မှာထားတဲ့အစ်ကို့ရဲ့ချစ်ခြင်းမေတ္တာကို ငါ့အသက်နဲ့ရင်းပြီးအလောင်းအစားလုပ်ခဲ့တာ..ကံကောင်းလို့အစ်ကိုကငါ့အပေါ်လုံးလုံးမုန်းတီးမနေခဲ့လို့..မဟုတ်ရင်အခုချိန်ဆိုငါတစ်ကယ်သေနေလောက်ပြီ..မင်းပြောသလိုပေါ့ကွာ...ဒီချစ်ခြင်းမေတ္တာကိုသာနည်းနည်းလောက်ဆွဲဆန့်နိုင်မယ်ဆိုရင် ငါဘာတွေပဲရင်းနှီးရပါစေ သေချာပေါက်လက်တွန့်မနေဘူး...ညီမျှခြင်းရဲ့တစ်ဖက်ကရလဒ်ဟာအစ်ကိုဖြစ်နေသရွေ့ဘာပဲရင်းရင်းထိုက်တန်တယ်လို့ငါယူဆထားလို့ပဲ "

" ဟင်း...ငါတို့နှစ်ယောက်မှာတူညီတာတစ်ခုကဘယ်လိုနည်းလမ်းကိုပဲသုံးရသုံးရကိုယ်ရဲ့ချစ်ရသူကိုအနားမှာဖမ်းဆုပ်ထားချင်ကြတာပဲ.....ဒါကြောင့်မင်းဘာတွေကိုပဲသိထားသိထား အမုန်းဆီကိုမပေါက်ကြားစေဖို့ငါမျှော်လင့်တယ် "

ရာဇသွေးမာန်သည်အမှန်တစ်ကယ်ကိုကြောက်နေမိပါသည်။ သူဟာအမုန်းရဲ့ကွယ်ရာမှာမကောင်းမှုတွေကိုထမင်းစားရေသောက်ကျူးလွန်နေသူမဟုတ်ပါလား။ အထူးသဖြင့်နန်းထိုက်ပန်းကိုအလောင်းတောင်ပြန်မပေါ်စေဘဲသတ်ပစ်ခဲ့သလို ဒေါ်နန်းမြင့်သော်ကိုလည်းတစ်ဖက်လှည့်နှင့်သေစေခဲ့သည်။ သူ့အနေနဲ့ထိုအရာတွေကိုလုပ်ခဲ့လို့ကိုယ့်ကိုကိုယ်မှားတယ်လို့မယူဆပေမယ့် အမုန်းလေးရဲ့မျက်လုံးထဲတွင်တော့သူဟာနဂိုထဲကအမှားတွေကျူးလွန်ထားတဲ့အမည်းစက်လိုလူဖြစ်နေပြီးသားပင်။ ဒါကိုမှထပ်ပြီးအမှားတွေကျူးလွန်နေဦးမည်ဆိုလျှင် သူကြောက်တာကအမုန်းလေးသူ့ကိုထပ်ပြီးခွင့်မလွှတ်တော့ဘဲသူနဲ့ဝေးရာကိုထွက်ပြေးသွားမည်ကိုဖြစ်လေသည်။

စိတ်တူကိုယ်တူဖြစ်သောစဝ်ခွန်ယင်းသည်လည်းထိုကဲ့သို့သောခံစားချက်ကိုနားလည်သည်မို့ အေးအေးဆေးဆေးပဲကတိပေးလာသည်။

" စိတ်ချပါ အဲ့ခံစားချက်ကိုငါကကောင်းကောင်းကြီးနားလည်တဲ့ကောင်ပါကွ....အဲ့လိုပဲမင်းလည်းဘာကိစ္စပဲဖြစ်ဖြစ်အစ်ကိုအဂ္ဂကိုပြန်ပြောဖို့မကြိုးစားပါနဲ့..."

ချစ်ခြင်းထာဝရတည်စေသော် ( ချစ်ခြင်းထာဝရတည်စေသော်) CompletedWhere stories live. Discover now