(45)

5.2K 249 6
                                    

" ခေါင်းဆောင် ရာဇသွေးမာန်မြောက်ပိုင်းမြေထဲကိုဝင်လာပါပြီ "

Blackတင်ပြလာသောသတင်းကြောင့်စဝ်ခွန်ယင်းရဲ့နှုတ်ခမ်းအစုံကသွေးဆာနေသလိုကော့တက်သွားရသည်။

ကောင်းတယ်။ သူကိုယ်တိုင်တကူးတကလှုပ်ရှားစရာမလိုပါပဲရန်သူကသူ့ပိုင်နက်ထဲသို့ဝင်လာသည်လေ။ အဲ့လိုအခွင့်အရေးကိုမှလက်လွှတ်လိုက်ရင် သူဆိုတာစဝ်ခွန်ယင်းလို့ဘယ်ခေါ်ထိုက်ပါ့မလဲ။

" မင်းဘာတွေကြံစည်နေပြန်တာလဲစဝ်ခွန်ယင်း"

နောက်ပါးမှစူးစူးလေးအော်သံကြောင့်စဝ်ခွန်ယင်းစိတ်ရှုပ်သွားရသလို မျက်ခုံးချိုးလေးတွေကိုတွန့်ကွေးလိုက်သည်။ အခုသူ့အခန်းထဲကကုတင်ပေါ်မှာ အစ်ကိုအဂ္ဂရှိနေတယ်ဆိုတာသူခေတ္တမေ့သွားခြင်းပင်။ Black ကိုအခန်းပြင်ထွက်ခိုင်းလိုက်ပြီးနောက်ကုတင်ပေါ်ကလူသားဆီသို့သူ့အာရုံတွေအပြည့်အဝပုံထားလိုက်သည်။

" ခင်ဗျားနိုးလာရင်လည်းထတော့ ညစာစားချိန်ရောက်နေပြီ "

အိပ်ချင်မူးတူးရုပ်လေးနှင့်အိပ်ရာပေါ်ကလူးလဲထရန်ကြိုးစားလိုက်စဥ်အောင့်တက်လာသောအောက်ပိုင်းကြောင့်အဂ္ဂလျှံရဲ့ရုပ်လေးကမဲ့ကျသွားရသည်။ ဗလာဖြစ်လုနီးပါးရင်ကွဲနေသောရှပ်အကျီတို့လစ်လှပ်နေသောနေရာများတွင်အနီရဲရဲအမှတ်အသားများနှင့် လှချင်တိုင်းလှနေသောထိုလူသားသည်ထောင်နေသာဆံပင်မွှေးလေးများနှင့်ပေါင်းစပ်လိုက်တော့ စဝ်ခွန်ယင်းရဲ့ရမ္မက်ကိုနှိုးဆွနိုင်သည်အထိဆွဲဆောက်မှုပြင်းတာမသိလေသလား။

" စကားလမ်းကြောင်းမလွှဲနဲ့ ငါမေးတာကို​ဖြေ"

" ကျစ်..ခင်ဗျားဘာလို့အဲ့လောက်သိချင်နေရတာလဲ ရာဇသွေးမာန်အတွက်ပူနေရအောင်ရာဇသွေးမာန်ကခင်ဗျားလင်လား.."

" မင်းစကားပြောတာရိုင်းစိုင်းမလာနဲ့နော်စဝ်ခွန်ယင်း "

ဒီအရိုင်းအရိုင်းကစကားများပြောလိုက်ရင်အတုံးလိုက်အတစ်လိုက်။ အဲ့ဒီ့ပါးစပ်ကြောင့်ဘယ်တော့လူသတ်ခံရမလဲမသိ။ ကိုယ်ပြောလိုက်တဲ့စကားကြောင့်လူတစ်ဖက်သားစိတ်ထိခိုက်သွားလေမလား မတွေး။ အမြဲတမ်းသူပြောချင်ပဲစွတ်ပြောတတ်သည်။ အဲ့လိုအကျင့်တွေကြောင့်ပဲ အတူနေတဲ့နှစ်နှစ်အတွင်းအဂ္ဂလျှံနှင့်ဘယ်နှခါသတ်ရမှန်းမသိပေ။  ဒါလည်းသင်းကမဆင်ခြင်။သူမကျေမနပ်ဖြစ်နေတာကိုတစ်ဖက်လူသိစေရန် အဂ္ဂလျှံမျက်စောင်းထိုးကာ ပြန်ရန်တွေ့ရန်ပြင်တော့စဝ်ခွန်ယင်းကဆီးပြောလာသည်။

ချစ်ခြင်းထာဝရတည်စေသော် ( ချစ်ခြင်းထာဝရတည်စေသော်) CompletedWhere stories live. Discover now