(24)

4K 215 9
                                    

🎵 ပျော်ချင်တိုင်းလည်းမပျော်ရပါ...ချစ်မိသူတိုင်းလည်းချစ်ခြင်းမခံခဲ့ရပါ...မတည်မြဲ
တဲ့ဒီလောကရဲ့အထာ....အချစ်ဆိုတာလျှို့ဝှက်ချက်တစ်ခုပါ 🎵

မနက်ကြီးအစောကြီးရှိသေး သီချင်းလေးတအေးအေးနဲ့ ဇီဇဝါအပင်ပေါက်လေးကိုမြေဆွနေသော ဟိုဟာလေးကိုကြည့်ပြီး ရာဇသွေးမာန်အကြောင်းမရှိစိတ်တိုနေရပြန်သည်။

ရာသီဥတုကဆောင်းတွင်းကြီးမို့ အရမ်းကြီးမဟုတ်တောင်လေအေးတွေတိုက်နေ၍အတော်အသင့်တော့အေးလှသည်။ ဒါကိုပင်ဟိုဟာလေးကအနွေးထည်မပါ။ စွပ်ကျယ်တစ်ထည်ကို ပုဆိုးလေးဒူးလောက်ဝတ်ထားပြီး သစ်ပင်တွေရေလောင်းနေလေသည်။ ဘာတွေစိတ်ကြည်နေသလဲတော့မသိ သီချင်းလေးတောင်ညည်းနေလိုက်သေးသည်။ လူကြည့်တော့ဖြူစုတ်စုတ်နှင့်။ ဒီအိမ်ရောက်ထဲကဖြစ်လိုက်တဲ့ကျန်းမာရေး။ အစ်ကိုအဂ္ဂလျှံမှာလည်း ဒီအိမ်နှင့်သူ့အိမ်ငြားချောင်းပေါက်နေလောက်ပြီ။ ဒါကိုလည်းသင်းကသူ့ကျန်းမာရေးကိုသူဂရုမစိုက်။ ပိုက်ဆံကိုတွင်းထဲကနှိုက်ရတယ်များထင်နေလားမသိ။

မဖြစ်ပြောမှသိမည့်ဟာလေးကိုပြောမှကိုဖြစ်တော့မည်မို့ အောက်ထပ်ကိုဆင်းလာခဲ့သည်။ ထို့နောက်သီချင်းလေးတအေးအေးနှင့်သူ့သစ်ပင်တွေကိုရေလောင်းနေသောဟာလေးကိုအသံမာမာဖြင့်ငေါက်ပစ်လိုက်တော့သည်။

" ဟိတ်..အဲ့တာဘာလုပ်နေတာလဲ..ရာသီဥတုအေးနေတာကိုမင်းမသိဘူးလား..ရူးနေလို့အစောကြီးသစ်ပင်တွေကိုရေလောင်းနေတာလားဟမ်..ဝတ်ထားတာလဲကြည့်ဦး သွားအခုချက်ချင်းအိမ်ထဲဝင် ငါ့အတွက်ရှမ်းခေါက်ဆွဲသွားပြင်ပေး "

" ဟုတ် "

ပြောတော့လည်း " ဟုတ်" တစ်လုံးသာပြောပြီး အိမ်ထဲကိုတန်းဝင်သွားလေသည်။ အမှန်တော့ အဲ့ဟာလေးသူ့ကိုရှောင်နေတာကိုသူသိသည်။ ပင်မစံအိမ်ကြီးဆီမှအပြန်လမ်းပေါ်မှာသူ့ကိုထားခဲ့ပြီးမှနောက်တရမိသေးသည်။ ဘယ်လိုပဲပြောပြောသူ့အုပ်ထိန်းမှုအောက်မှာပဲရှိနေသေးသည်မို့ တစ်ခုခုဖြစ်သွားရင်သူ့ခေါင်းပေါ်ကိုပဲကျလာမှာမလို့ သွားပြန်ခေါ်ဖို့စိတ်ကူးလိုက်သော်လည်း ပန်းကလေးမေ့လဲသွားကြောင်းကိုသူတို့ချိန်းထားသောဆိုင်မှဖုန်းဆက်လာ၍ ပန်းကလေးကိုစိုးရိမ်သွားပြီးပန်းကလေးဆီသို့သာအမြန်သွားခဲ့သည်။

ချစ်ခြင်းထာဝရတည်စေသော် ( ချစ်ခြင်းထာဝရတည်စေသော်) CompletedWhere stories live. Discover now