(38)

4.7K 210 5
                                    

" ရာဇမင်းဒီအတိုင်းနေသွားတော့မှာလား "

" ဘာကိုပြောတာလဲ "

" မင်းရင်ခွင်မုန်းနဲ့ နန်းထိုက်ပန်းကြားမရှင်းမလင်းလုပ်နေတဲ့ကိစ္စကိုပြောတာ "

နှစ်သစ်ကူးမှာအားလပ်နေ၍သူငယ်ချင်းတွေအကုန်လုံးဆုံဖြစ်ကြသည်။ နေရာကတော့ရာဇသွေးမာန်၏villaတွင်သီးခြားတည်ဆောက်ထားသော barထဲတွင်ဖြစ်လေသည်။ သူငယ်ချင်းတွေဆုံတုန်းဆက်မိဆက်ရာကြောကြရင်းမှ ဓနလျှံကရုတ်တရက်ကြီးသူ့အငြောင်းကိုမေးလာ၍ရာဇသွေးမာန်ငြိမ်သွားရသည်။

အမှန်တော့သူလည်းအဲ့အငြောင်းကိုစဥ်းစားနေတာဖြစ်သည်။ သူပန်းကလေးကိုလုံးဝလက်မလွှတ်နိုင်တာတော့သေချာသည်။

" ဓနအဲ့ကိစ္စ​ပြောမှငါလည်းမေးပါဦးမယ် မင်းနဲ့ရင်ခွင်မုန်းတို့ရဲ့လက်ထပ်စာချုပ်ကတရားရုံးမှာမှတ်ပုံတင်ထားတာမရှိဘူးမလားဟေ့ကောင် "

! ဘာကြီး!

တရားရေးရာဌာနတွေမှာနှံ့နှံ့စပ်စပ်ရှိသောဈာန်ဦးနောင်ကပါ ထိုသို့ပြောလာပြီဆိုမှတော့ရာဇသွေးမာန်ရဲ့အိမ်ထောင်ရေးမှာဥပဒေအရအကျုံးမဝင်ကြောင်းမှာသေချာသလောက်ရှိသည်မို့ရှိန်းသက်မောင်နှင့် ဓနလျှံတို့မျက်လုံးပြူးသွားကြသည်။

" ဟုတ်တယ် "

! ဘာ!

ရာဇသွေးမာန်ကတွန့်ဆုတ်ခြင်းမရှိဝန်ခံလာသည်မို့ပိုလန့်သွားရသည်။

" မင်းတို့လည်းသိပါတယ် ငါကကြိုးစားချင်စိတ်မရှိဘဲ သူများကိုမှီခိုပြီးအမြင့်တက်ဖို့ကြိုးစားနေတဲ့လူမျိုးကိုအရမ်းမုန်းတယ်ဆိုတာကို...ရင်ခွင်မုန်းကအဲ့လိုလူစားမျိုးမို့ငါသူ့ကိုသိပ်ရွံတာ ငါ့လိုလူတစ်ယောက်ကမလောက်လေးမလောက်စားကောင်လေးတစ်ယောက်ရဲ့ထောင်ချောက်ထဲမှာမိပြီးသူ့ကိုငါ့ဘဝရဲ့တရားဝင်လက်တွဲဖော်အဖြစ်ထားမယ်လို့ထင်လို့လား "

" ဒါပေမယ့်မင်းတို့လက်ထပ်တုန်းကအသိသက်သေအဖြစ်ငါလုပ်ပေးခဲ့သေးတယ်ပြီးတော့မင်းအဖေသာဒီကိစ္စကိုသိသွားရင်မင်းတော့ပြီးပြီ "

" အဟက် "

ဈာန်ဦးနောင်၏စကားကိုရာဇသွေးမာန်ကလှောင်သလိုတစ်ချက်ရယ်လိုက်ပြီးနောက်ဆက်ပြောလာခဲ့သည်။

ချစ်ခြင်းထာဝရတည်စေသော် ( ချစ်ခြင်းထာဝရတည်စေသော်) CompletedWhere stories live. Discover now