(49)

5.2K 247 23
                                    

နှစ်နှစ်နီးပါးဝေးကွာနေခဲ့ပေမဲ့လည်းဒီ villa ကိုပြန်ရောက်လာတော့ အမုန်းဟာဟိုတုန်းကလိုခပ်တုံးတုံးကောင်လေးပြန်ဖြစ်သွားသလိုခံစားရသည်။ ပိုက်ဆံအလွန်ပေါများကြောင်းသိသာလောက်အောင်ခမ်းနားလှပစွာတည်ဆောက်ထားသော villa သည်အမုန်းအတွက်တော့ငရဲခန်းတစ်ခုအလားပြန်မသွားချင်သလို ဒီvillaအတွင်းမှာဖြစ်ပျက်ခဲ့သမျှအရာအားလုံးသည်လည်းအမုန်းရဲ့မှတ်ဉာဏ်တွေထဲမှတစ်သက်လုံးစာဖျက်ပစ်ချင်ခဲ့သောမှတ်ဉာဏ်တွေသာဖြစ်ခဲ့သည်။

ရင်ခွင်ထဲကသားကိုတင်းတင်းဖက်ပြီးvillaထဲခြေချဝင်လာတော့ ဟိုအရင်သူရောက်ကာစတုန်းကတံခါးဝမှာသိမ်ငယ်စွာဖြင့်ရပ်နေသောရင်ခွင်မုန်းကိုမျက်လုံးထဲပြန်မြင်ယောင်သလိုပင်။ မတူတာတစ်ခုကအရင်တုန်းကဒီvillaထဲကလူတွေရဲ့မျက်လုံးထဲမှာအထင်သေးစရာဖြစ်ပြီးကြိုဆိုခြင်းမခံခဲ့ရသောအမုန်းသည် အခုချိန်မှာတော့အိမ်ရှိအစေခံတွေအကုန်လုံးထံမှရိုရိုသေသေကြိုဆိုတာကိုခံနေရလေသည်။

အိမ်ထဲဝင်လာတော့ ဧည့်ခန်းထဲမှာထိုင်စောင့်နေကြသောဦးတော်ဝင်သွေးမာန်၊ ဒေါ်မြတ်မဟာနွယ်နှင့် ဒေါ်ကေသရီသွေးမာန်တို့ကိုတွေ့လိုက်ရ၍အမုန်းခြေလှမ်းတို့ကရပ်တန့်သွားရသည်။

" လာလေအမုန်း..ဖေဖေတို့ကမင်းပြန်လာတော့မယ်ဆိုတာသိနေလို့လာကြတာ သူတို့ကလည်းမင်းကိုသတိတွေရနေကြတာ "

ဦးရာဇသွေးမာန်ကဖော်ရွေစွာပြောနေသလောက် ဦးရာဇသွေးမာန်၏အမေဒေါ်မြတ်မဟာနွယ်၏မျက်နှာတွင်တော့အမုန်းကိုမနှစ်မြို့ကြောင်းကိုအထင်းသားမြင်နေရသည်။

" အမုန်းလေးလာထိုင်ပါကွယ် အကုန်လုံးကမိသားစုတွေပဲကို ပေးပါဦးဒေါ်လေးရဲ့မြေးလေးကို "

ဒေါ်ကေသရီသွေးမာန်ကတော့အရင်အတိုင်းဖော်ရွေကာပျော်တတ်သည့်စရိုက်ရှိသူပီပီအမုန်းလက်ထဲမှသားလေးကိုပွေ့ချီသွားကာ သူ့ယောက်မအနီးတွင်သွားထိုင်လေပြီ။ ဒေါ်မြတ်မဟာနွယ်သည်ကလေးသူမအနားရောက်လာတော့မျက်နှာကနူးညံ့သွားကာကလေးကိုချော့မြှူနေလေသည်။ အမုန်းလည်းလွတ်နေသောဆိုဖာတစ်ခုပေါ်တွင်ဝင်ထိုင်လိုက်သည်။

ချစ်ခြင်းထာဝရတည်စေသော် ( ချစ်ခြင်းထာဝရတည်စေသော်) CompletedWhere stories live. Discover now