(5).ရာဇသွေးမာန်

4K 235 6
                                    

'Y'မြို့တော်ရှိအပြည်ပြည်ဆိုင်ရာလေဆိပ်တစ်နေရာတွင် အရပ်ခြောက်ပေကျော်၊ ခန္ဓာကိုယ်ထွားထွားကြိုင်းကြိုင်းနှင့် မြင်သူများကိုနှစ်ခါပြန်ငေးမောစေနိုင်လောက်အောင်ရုပ်ရည်ချောမောပြီးစတိုင်ကျစွာဝတ်ဆင်ထားသူတစ်ယောက်သည် league ကိုလက်မှကိုင်ကာ တစ်စုံတစ်ယောက်ကိုရှာဖွေနေဟန်တူလေသည်။ သိပ်မကြာခင်မှာပဲထိုအမျိုးသားရှိရာသို့ ယောကျာ်းမိန်းမတစ်စုရောက်လာပြီး အမျိုးသားလက်ထဲမှ league ကိုလက်လွှဲယူကာဝမ်းသာအားရဖြင့်ကြိုဆိုနေကြသည်။

သို့သော်ထိုအမျိုးသားကစိတ်ရှုပ်လာပုံရကာ အေးစက်စက်အကြည့်တစ်ချက်အောက်မှာ ဆူညံနေကြသောလူတစ်စုသည်ချက်ချင်းပင်ငြိမ်ဝပ်သွားကြသည်မှာ အတန်းထဲတွင်ဆရာမရှိခိုက်မြူးထူးနေကြသောတပည့်တစ်အုပ်သည်ဆရာ့ထံမှာမိသွားပြီအဆူခံရသလိုမျိုးနှင့်ပင်ဆင်တူနေလေသည်။

အကြည့်တစ်ချက်နှင့်ပင်ခြိမ်းခြောက်နိုင်လောက်အောင်အာဏာရှိသောထိုအမျိုးသားသည်'M'နိုင်ငံတွင်သာမက ဥရောပနိုင်ငံများအထိပင်အချမ်းသာဆုံးစာရင်းဝင်သူ၊ မင်းမျိုးမင်းနွယ်မှဆင်းသက်လာ၍သူမတူအောင်သွေးကြီးသူ၊ 'Royal Blood group' ကြီး၏တစ်ဦးတည်းသောတရားဝင်ဆက်ခံသူ '' ရာဇသွေးမာန်" ပင်ဖြစ်လေသည်။ Royal Blood group သည်တရားဝင်လုပ်ငန်းများသာမက မြေအောက်လောကတွင်လည်း Blood ဟူသောအမည်နှင့်အခြေခိုင်ပြီးဩဇာကြီးမားလေသည်။ ထို့ကြောင့်ပြိုင်ဖက်တွေသည်လည်းဒုနှင့်ဒေး။ ထို့အထဲမှာမှ " B.U" ဟုခေါ်ကြသော " Black Umbrella " ဂိုဏ်းနှင့်မီးနှင့်ရေလိုပင်။ ဂိုဏ်းနှစ်ခုမှာမြေအောက်လောက၏ထိပ်သီးဂိုဏ်းနှစ်ခုဖြစ်ပြီး အမြဲပြိုင်ဆိုင်နေကြကာ ဖွက်ထားသောလက်သည်းများနှင့်အစွယ်များကိုအမြဲသွေးကာ အခွင့်အရေးရသည်နှင့်ကိုက်ခဲစုတ်ဖြဲပစ်ဖို့ချောင်းမြောင်းနေကြသည်ကို တစ်လောကလုံးမသိသူမရှိ။

ရာဇသွေးမာန်သည်လွန်ခဲ့သောခုနှနှစ်ခန့်ကအကြောင်းတစ်ခုကြောင့်ဥရောပသို့ထွက်ခွာသွားကာ ပညာသင်ရင်းမှသူ၏ကိုယ်ပိုင်အစွမ်းအစဖြင့်စီးပွားရေးအင်ပါယာတစ်ခုကိုထူထောင်သည်။ လူငယ်စွန့်ဦးတီထွင်သူတို့၏မှီခိုရာဖြစ်သည်ဟုပင်သတ်မှတ်ခံထားရသောသူသည် အရည်အချင်းရှိသူများကိုသဘောကျနှစ်သက်ပြီး အချောင်ခိုကာအလွယ်လမ်းလိုက်ချင်များကိုတော့မမြင်လောက်အောင်မုန်းတီးသူဖြစ်ပြီး သူကိုယ်တိုင်ကကြွယ်ဝချမ်းသာသူဖြစ်သော်လည်း အသက်ပြည့်သည်နှင့်မိဘအမွေတစ်ပြားတစ်ချပ်မှမပါဘဲကိုယ်ပိုင်လုပ်ငန်းထူထောင်ခဲ့ပြီး ဥရောပစီးပွားရေးလောကကိုလွှမ်းမိုးနိုင်သည်အထိအောင်မြင်ခဲ့သူလည်းဖြစ်သည်။ သို့သော်ထိုအရာအားလုံးသည်အပေါ်ယံမျှသာ။ ရာဇသွေးမာန်၏ပုံစံအမှန်သည်မည်သူကမှမခန့်မှန်ူနိုင်ကြ။ ထိုယောကျ်ားသည်တစ်ခါတစ်ရံလူကြီးလူကောင်းဆန်သည်။ တစ်ခါတစ်ရံမှာယုတ်မာရိုင်းစိုင်းသည်။ တစ်ခါတစ်ရံမှာကြင်နာနွေးထွေးသလိုရှိပေမယ့် အေးစက်မှုများသည်လည်းရောယှက်နေတတ်ကာ အစွန်းနှစ်ဖက်ကိုရောထွေးထားသောဖြစ်တည်မှုဟုပြောလျှင်လည်းမမှားပေ။

ချစ်ခြင်းထာဝရတည်စေသော် ( ချစ်ခြင်းထာဝရတည်စေသော်) CompletedWhere stories live. Discover now