Zawgyi (67)

382 29 1
                                    

'M'နိုင်ငံ၏မြောက်ပိုင်းနယ်မြေသည် နိုင်ငံ၏ဒုတိယစီးပွားရေးအချက်အချာကျသောမြို့တော်တည်ရှိသဖြင့်အလွန်တိုးတက်ကာ စီးပွားရေးသမားများအတွက်နိဗ္ဗာန်ဘုံဟုပင်ခေါ်တွင်ရလေသည်။ ထိုကဲ့သို့အခွင့်အလမ်းများလေ ပြိုင်ဆိုင်မှုတွေပေါလေဖြစ်တာဓမ္မတာပင်။ လူဆိုသည့်အမျိုးကလောဘတွေအရမ်းကြီးလာလို့လောဘကလွှမ်းမိုးလာသည်နှင့် အမှားအမှန်မချင့်ချိန်တော့ဘဲ ကိုယ့်လမ်းမှာခလုတ်ကန်သင်းသဖွယ်တည်ရှိနေသောအရာမှန်သမျှကိုနည်းမျိုးစုံနှင့်ရှင်းလင်းတတ်ကြသည်မှာလည်းသဘာဝပင်ဖြစ်လေသည်။

ထို့ကြောင့်အပြိုင်အဆိုင်တွေကြားက ရန်ငြှိုးတွေအာဃာတတွေပေါများလွန်းသောနေရညကိုပြပါဆိုလျှင်လည်း ထိုမြို့တော်ကိုပင်ပြရလိမ့်မည်ဖြစ်သည်။ ထိုကဲ့သို့သော မြို့တော်တွင် အမှောင်ခြမ်းဖြစ်သောဒုစရိုက်အလုပ်သည်လည်း အတော်ပင်ပေါများလေရာ ရာဇဝတ်မှုတွေလည်းမကြာခဏပင်ဖြစ်ပွားလေ့ရှိသည်။

ထိုအထဲမှာမှ 'Zero'ဟုအမည်ရသောကလပ်သည် တစ်နှစ်တာ၏ရာဇဝတ်မှုဖြစ်ပွားမှုအမြင့်ဆုံးသောနေရာအဖြစ်လေးနှစ်ဆက်တိုက်နေရာယူခဲ့ပြီး မြို့တော်၏အာဏာရှိအသိုင်းအဝိုင်းတို့၏ကျက်စားရာနေရာဖြစ်သည်မို့ ရဲတွေပင်မျက်နှာလွှဲထားရသောနေရာဖြစ်လေသည်။

Zeroတွင်မကောင်းတာမှန်သမျှအစုံရသည်။ဖာ၊ ဖဲ၊ ဖိုး အလိုရှိတာမှန်သမျှရနိုင်သည်။ သို့သော်သာမာန်ပေါ့သေးသေးကလပ်တော့မဟုတ်။ ကြွယ်ဝချမ်းသာပြီးအာဏာကြီးမားသောမျိုးဆက်များစိတ်တိုင်းကျထင်တိုင်ကြဲ
ရာနေရာဖြစ်သဖြင့်တရားဥပဒေလည်းမစိုးမိုးနိုင်သလိုသာမာန်လူများလည်းအဝင်အထွက်လုပ်လို့မရနိုင်သောနေရာဖြစ်သည်။ ထို့ကြောင့်ထိုနေရာတွင်အချိန်ဖြုန်းသူများသည်လည်းအများအားဖြင့်ငွေအရှိန်နှင့်မိုက်နေကြသောဆန်ကုန်မြေလေးဒုတိယမျိုးဆက်များသာဖြစ်ကြလေသည်။

သို့သော်လွန်ခဲ့သောနှစ်ရက်ခန့်ကတော့zero
တွင်ဖြစ်ခဲ့သောအမှုသည်မြောက်ပိုင်းတစ်နယ်လုံးအုတ်အော်သောင်းနင်းဖြစ်သွားစေခဲ့သည်။ ထိုအမှုဖြစ်ပွားစဉ်အတွင်းရိုက်ကူးထားသောဗီဒီယိုတစ်ခုသည်ဆိုရှယ်မီဒီယာပေါ်တွင်ပြန့်နှံ့လာပြီး မြောက်ပိုင်းအုပ်ချုပ်သူအဖွဲ့ကချက်ချင်းဖြုတ်ချခဲ့သော်လည်းအင်တာနက်သုံးစွဲသူများအကြားတွင်ယခုအထိအပြောအများဆုံးဖြစ်လာပြီး hot searchသို့သုံးရက်ဆက်တိုက်ရောက်ရှိခဲ့လေသည်။ ဗီဒီယိုထဲတွင်ပါရှိသောအကြောင်းအရာမှာမြောက်ပိုင်း၏အုပ်ချုပ်သူစဝ်ခွန်ယင်းတစ်ယောက် zreo clubတွင်ပြဿနာဖြစ်ပြီး ဒုတိယမျိုးဆက်သခင်လေးတစ်ယောက်ကိုစိတ်လိုက်မာန်ပါထိုးနှက်နေသောဗီဒီယိုဖြစ်လေသည်။

ချစ်ခြင်းထာဝရတည်စေသော် ( ချစ်ခြင်းထာဝရတည်စေသော်) CompletedWhere stories live. Discover now