(40)

5.3K 244 9
                                    

'KN' ဆေးရုံကြီး၏VIP ခန်းထဲတွင် Royal Bloodရဲ့အမျိုးအနွယ်တွေခြေရှုပ်နေလေသည်။ အကြောင်းမှာ Royal Blood၏တရားဝင်ဆက်ခံသူဖြစ်သည့်အပြင် တောင်ပိုင်း၏ခေါင်းဆောင်ဖြစ်သူ ရာဇသွေးမာန်ရုတ်တရက်ကြီး heart attack ဖြစ်သွားသောကြောင့်ပင်။

အရင်နေ့က ရာဇသွေးမာန်သည်စိတ်လွတ်နေသူတစ်ယောက်ကဲ့သို့ရင်ခွင်မုန်း၏လည်တိုင်ကိုအားကုန်သုံး၍ညှစ်ထားရာ ဒေါ်စန်းဝင်ရောက်ကာဆွဲမှအလွတ်ပေးခဲ့သည်။ ကြောက်လန့်မှုကြောင့်ရင်ခွင်မုန်းထွက်ပြေးသွားပြီးမကြာခင်မှာပဲ ရာဇသွေးမာန်သည်လည်းနှလုံးမှရုတ်တရက်ထိုးအောင့်ကာ အရုပ်ကြိုးပျက်လဲကျသွားသဖြင့် ဆေးရုံသို့အချိန်မှီပို့ဆောင်ခဲ့ရလေသည်။

ထိုအကြောင်းအရင်းကြောင့်ပင်တော်ဝင်သွေးမိသားစုတစ်ခုလုံးဗျာများသွားရကာ နေ့ချင်းညချင်းပင် 'KN 'ဆေးရုံသို့ရောက်လာကြသည်။ ရောက်လာသူများတွင် တော်ဝင်သွေးမိသားစုသာမက ရာဇသွေးမာန်၏သူငယ်ချင်းတွေဖြစ်ကြသော ဓနလျှံ၊ ရှိန်းသက်မောင်နှင့်ဈာန်ဦးနောင်တို့ပါ ပါကြလေသည်။

အခုချိန်မှာဆိုရင်တော့ ရာဇသွေးမာန်၏မိဘနှစ်ပါးဖြစ်သောဦးတော်ဝင်သွေးမာန်နှင့်ဒေါ်မြတ်မဟာနွယ်တို့သည် ဓနလျှံတို့သူငယ်ချင်းတစ်ခုနှင့်ကိစ္စတစ်ခုကိုတိုင်ပင်နေကြသည်။

အမှန်တော့ရာဇသွေးမာန်၏heart attack သည်သာမာန်ရောဂါကြောင့်မဟုတ်ပေ။ ဆေးရုံကိုရောက်လို့ဆေးစစ်ကြည့်မှ သွေးထဲတွင်စိတ်ကြွဆေးတစ်မျိုးပါဝင်နေပြီး ထိုဓာတ်လွန်ကဲမှုကြောင့် heart attack ဖြစ်ရခြင်းပင်။ အကယ်၍ရာဇသွေးမာန်ကသာ ပျက်ဆီးနေသောလူတစ်ယောက်မို့လို့ထိုသို့ဖြစ်ရသည်ဆိုရင်မထူးဆန်းသော်လည်း စည်းစနစ်ကြီးမားကာ ကိုယ့်ကိုကိုယ်အလွန်အမင်းချစ်မြတ်နိုးတတ်သောရာဇသွေးမာန်ကတော့စိတ်ကြွဆေးလိုဟာမျိုးကိုလက်ဖျားနှင့်မထိဆိုတာသူတို့အကုန်သိသည်။

ဒါ့အပြင်အခုတွေ့ရသောစိတ်ကြွဆေးသည်လည်း 'M'နိုင်ငံတောင်ပိုင်းနှင့်ပြည်မကြီးတွင်ရှားပါးကာ​မြောက်ပိုင်းဒေသကအာဏာပိုင်တွေသူတို့၏အပြစ်သားများကိုပြစ်ဒဏ်ပေးရာတွင်သုံးသောဆေးအမျိုးအစားဖြစ်နေ၍လက်လွတ်စပါယ်မလုပ်ရဲကြပေ။ မြောက်ပိုင်းဒေသတွင်သစ္စာဖောက်တွေ့ရှိပါက ထိုဆေးကိုကြွေးကာ သားရဲတစ်ကောင်နှင့်အတူလှောင်အိမ်ထဲတွင်ပိတ်ထားကြသည်။ ထိုဆေး၏အာနိသင်မှာသတ်ဖြတ်ချင်စိတ်နှင့်လူတို့၏ရင်ထဲမှအမုန်းတရားများကိုနှစ်ဆတိုးစေသဖြင့် ဆေးကျွေးခံရသူသည်မိမိအသားနာသည်ကိုလည်းမသိသေရမှာလည်းမ​ကြောက်ဘဲ သားရဲများနှင့်လုံးထွေးသတ်ပုတ်ကြသည်။

ချစ်ခြင်းထာဝရတည်စေသော် ( ချစ်ခြင်းထာဝရတည်စေသော်) CompletedWhere stories live. Discover now