အမုန်းမနေ့ညကခရီးပန်းလို့ထင်သည်။ အိပ်ပျော်သွားလိုက်တာနိုးလာတော့နောက်တစ်နေ့တောင်ရောက်နေလေပြီ။ သားလေးရောနိုးနေပြီလားသိချင်၍သားကိုသိပ်ထားသောကုတင်ပေါက်စလေးဆီလှမ်းကြည့်တော့သားကိုမတွေ့တော့။ လမ်းမလျှောက်တတ်သေးသောသားကြောင့် တစ်ယောက်ယောက်ကလာခေါ်သွားတာသေချာသည်။
အမုန်းမသိအောင်သားလေးကိုတစ်နေရာရာကိုများခေါ်သွားကြတော့မှာလားဟုတွေးမိတော့စိုးရိမ်စိတ်ကြောက်စိတ်တို့ကြောင့်လူကထူပူလာကာ အောက်ထပ်သို့ကမူးရူးထိုးပြေးဆင်းမိတော့သည်။
အောက်ထပ်ရောက်တော့အလန့်တကြားပြေးဆင်းလာသောအမုန်းကိုအစေခံကောင်မလေးတွေကကြောင်ကြည့်နေသည်။
" အိပ်ရာကနိုးလာပြီလားအစ်ကိုလေး "
ရင်းနှီးနေသောအသံကြောင့်လှည့်ကြည့်လိုက်တော့အိမ်တော်ထိန်းဒေါ်စန်းဖြစ်နေသည်။
" သားဘယ်မှာလဲ ကျွန်တော့်သားကိုဘယ်သူခေါ်သွားတာလဲ "
" သခင်ငယ်လေးကခြံထဲမှာပါ မနက်အစောကြီးထဲကနိုးနေလို့ထင်တယ် သခင်လေးခေါ်ပြီးခြံထဲဆင်းသွားကြတယ် "
သားလေးကိုအခြားတစ်နေရာကိုခေါ်သွားတာမဟုတ်လို့အမုန်းစိတ်အေးသွားရသော်လည်း သားကိုသူ့ဆီမှခွင့်ပြုချက်မရဘဲခေါ်သွားသဖြင့်ဦးရာဇသွေးမာန်ကိုစိတ်ကမကြည်တော့ပေ။ သူတို့သားအဖအပေါ်ကောင်းပြနေတာလဲအပေါ်ယံပဲဟုယူဆထားလေရာ ဒီတစ်ခေါက်ဦးရာဇသွေးမာန်တစ်ယောက်အမုန်းဆီကလိုချင်သောအရာမှာသားလေးဖြစ်နိုင်သည်။ ဒါမှကလေးမမွေးနိုင်တော့တဲ့နန်းထိုက်ပန်းနှင့်အဲ့ဒီလူတို့နောက်မျိုးဆက်အတွက်စိတ်မပူရတော့မှာမဟုတ်လား။
ထိုသို့တွေးမိတော့အမုန်း၏စိတ်အခြေအနေကအောက်ဆုံးသို့ကျဆင်းသွားကာ ခြံထဲသို့အပြေးတစ်ပိုင်းဆင်းလိုက်ပြီးနောက် ဦးရာဇသွေးမာန်နှင့်သားကိုရှာမိတော့သည်။ သူခြံထဲရောက်ပြီဆိုတာနဲ့ သားရဲ့ရယ်သံခိုးခိုးခစ်ခစ်နှင့်ဦးရာဇသွေးမာန်ထံမှကလေးကိုချော့မြူသံကိုလည်းကြားရသည်။ အသံကြားရာလိုက်ရှာတော့တွေ့ပါပြီ။ ဦးရာဇသွေးမာန်ကသားကိုမွေးကင်းစကလေးတွေကိုပွေ့ချီသလိုမျိုးပွေ့ချီနေရင်းမှပုခတ်လွှဲသလိုဟိုဟိုဒီဒီရမ်းပေးလိုက်တော့ သားကသဘောကျရယ်နေသည်မှာပေါက်ကာစသွားလေးနှစ်ချောင်းကိုပင်ပေါ်နေလေပြီ။
YOU ARE READING
ချစ်ခြင်းထာဝရတည်စေသော် ( ချစ်ခြင်းထာဝရတည်စေသော်) Completed