Zawgyi (8).အပြောင်းအလဲဖြစ်သွားစေသောစေ့စပ်ပွဲ (1)

362 24 0
                                    

ယနေ့သည် 'M'နိုင်ငံ၏အကြီးဆုံးပုဂ္ဂလိကဆေးရုံကြီးနှင့် K.N Group ကိုပိုင်ဆိုင်သောသူဌေးကြီးဦးကောင်းကင်မိုးနှင့် သူ၏ချစ်ဇနီးဒေါ်နန်းမြင့်သော်တို့၏တစ်ဦးတည်းသောချစ်သမီးလေးနန်းထိုက်ပန်းနှင့် 'M'နိုင်ငံ၏အချမ်းသာဆုံးဖြစ်ရုံသာမက ခေတ်အဆက်ဆက်မင်းမျိုးမင်းနွယ်တို့မှဆင်းသက်လာသောမဟာဆီမဟာသွေးအစစ် 'Royal Blood Group'၏ပဲ့ကိုင်ရှင် ဦးတော်ဝင်သွေးမာန်နှင့် ဇနီးချောဒေါ်မြတ်မဟာနွယ်တို့၏တစ်ဦးတည်းသောသားဖြစ်သော ရာဇသွေးမာန်တို့၏စေ့စပ်ပွဲပင်ဖြစ်သည်။

နှစ်ဖက်အသိုင်းအဝိုင်းများသည်ဒိတ်ဒိတ်ကြဲများဖြစ်သည့်အလျောက်ထိုစေ့စပ်ပွဲသည် အထက်တန်းလွှာများသာမက တစ်နိုင်ငံလုံးရှိလူမျး၏အာရုံစိုက်ခြင်းခံနေရသည်။ သူမနေထိုင်ရာစံအိမ်တွင်သာစေ့စပ်ပွဲကျင်းပချင်ပါသည်ဆိုသောနန်းမြင့်သော်၏သဘောအတိုင်း 'နန်းမြင့်မဟာ' စံအိမ်ကြီးတွင်ပွဲလာကြသူများသတင်းထောက်များနှင့်အထူးစည်ကားလျက်ရှိလေသည်။

နန်းထိုက်ပန်းသည်မှန်ထဲတွင်ပေါ်နေသောသူမ၏အသွင်အပြင်ကိုကြည့်ပြီးကျေနပ်စွာပြုံးလိုက်သည်။ နဂိုဖြူဖွေးနေသာအသားအရည်ပေါ်တွင်သူမအကြိုက်ဆုံးနို့နှစ်ရောင်ရင်ပြတ်ဂါဝန်လေးကနေရာယူထားပြီး လှပသောညှပ်ရိုးလေးများကဆွဲဆောင်မှုရှိရှိလှစ်ဟပြသခြင်းကိုခံထားရသည်။ လည်တိုင်ကျော့ကျော့တွင်တော့ တန်ဖိုးကြီးမားသော pink diamond necklace လေးကိုရိုးရိုးရှင်းရှင်းဆင်မြန်းထားသော်လည်း တန်ဖိုးမနည်းကြောင်းကိုတော့တန်ဖိုးနားလည်သူတိုင်းသိကြမှာမလွဲပင်။

နားတွင်လည်းမျက်ရည်စက်ပုံစံ pink diamond နားဆွဲလေးသည် ကြွေပန်းရောင်တောက်နေသောပါးမို့မို့လေးနှင့်အပြိုင်တောက်ပနေသည်။ အခါတိုင်းဖြူဖျော့နေတတ်သောသူမ၏နှုတ်ခမ်းပါးလေးသည်လည်းဆိုးဆေး၏အကူအညီဖြင့်ပန်းသွေးရောင်ထနေသည်မှာအစွမ်းကုန်ဖူးပွင့်ချင်နေသောပန်းဖူးလေးနှယ်။

ခဏအကြာမှာတော့မှန်ထဲတွင်ခန့်ညားချောမောလှသောအမျ်ုးသားတစ်ယောက်၏ပုံရိပ်ကထင်ဟပ်လာသဖြင့် နန်းထိုက်ပန်း၏မျက်နှာလေးတွင်ရှက်သွေးလေးကြွလာကာ ရှက်ဝဲဝဲလေးလှည့်ကြည့်ရင်းအနောက်မှာရပ်နေသောသူကိုနှုတ်ဆက်လိုက်သည်။

ချစ်ခြင်းထာဝရတည်စေသော် ( ချစ်ခြင်းထာဝရတည်စေသော်) CompletedWhere stories live. Discover now