(66)

4.4K 219 10
                                    

" ဦးမာန်ထတော့လေ ...ဒီနေ့စောစောထဖို့လိုတယ်ဆို "

" အင်း...ကိုယ်ထပြီနော် "

မနေ့ညမအိပ်ခင်ကတည်းကသူအမုန်းကိုမှာထားသည်ကမနက်စောစောသူ့ကိုနှိုးဖို့ပင်။ အမှန်တော့ရာဇသွေးမာန်လိုပုံစံခွက်ထဲမှာအချိန်အကြာကြီးရှင်သန်လာခဲ့သူအဖို့ မနက်အစောကြီးထရန်အတွက်တစ်ယောက်ယောက်ကသူ့ကိုနှိုးပေးဖို့မလိုအပ်ပေ။ ဒီအတိုင်းသူ့အိမ်ရှင်ထီးလေး၏ချိုသာသောအသံလေးနှင့်နှိုးတာကိုခံချင်ရုံသာ။

အခါတိုင်းကိုယ့်ဝေယျာဝစ္စတွေဆိုလျှင်အခြားလူလုပ်ပေးတာကိုစိတ်တိုင်းမကျတတ်သောရာဇသွေးမာန်သည် အမုန်းသူ့အပေါ်ဂရုစိုက်ပေးလာသည့်နောက်ပိုင်းတွင်ဘယ်အရာမဆိုအမုန်းလက်ကလေးနဲ့ထိတွေ့ထားမှသူ့အတွက်အဆင်ပြေတော့သည်။ ထို့ကြောင့်မနက်ရောက်လို့မျက်လုံးနှစ်လုံးပွင့်တာနဲ့အမုန်းမျက်နှာလေးကိုမြင်နေရမှ ဘာမဆိုအမုန်းရှိနေမှ ညနေရုံးဆင်းလို့အိမ်ပြန်ရောက်ရင်လည်းအမုန်းမျက်နှာလေးကိုအရင်မြင်လိုက်ရမှအမောပြေသည်။ အခုမှပဲယောကျာ်းသားတွေကဘာကြောင်အိမ်ထောင်ပြုချင်ကြလည်းဆိုတာကိုသူနားလည်လာခဲ့သည်။ မတတ်နိုင်ဘူးလေ ချစ်ရမည့်သူရှိသည့်လူဆိုတော့လည်းအရာရာကိုအချစ်နဲ့ထိတွေ့မှချိုမြိန်တော့သည်။

" အဲ့ဒါဆိုကိုယ်လက်သန့်စင်ပြီးအောက်ဆင်းခဲ့တော့နော် ဒီနေ့သားကလည်းအစောကြီးနိုးနေလို့အောက်ထပ်မှာနို့သောက်နေတယ် ဦးမာန်အတွက်မနက်စာကိုစားချင်တာရှိရင်ပြောလေကျွန်တော်လုပ်ထားပေးမယ် ဒီနေ့ရုံးပိတ်ရက်ဆိုတော့အေးအေးဆေးဆေးစားလို့ရတာပေါ့ "

" ကိုယ့်အတွက်ကတော့အမုန်းကြိုက်သလိုလုပ်လိုက် ကိုယ်ကအမုန်းဘာကျွေးကျွေးအကုန်ကြိုက်တာမလို့...ဒါပေမယ့်ကိုယ်အခုတော့မစားသေးဘူး ခြံထဲဆင်းပြီးလုပ်စရာလေးရှိသေးလို့ "

" ဘာလုပ်မလို့လဲဟင် "

" အဟင်း..အရင်ကလူဆိုးလေးတစ်ယောက်စိတ်ကောက်ပြီးနှုတ်ပစ်ခိုင်းတဲ့ဇီဇဝါပင်လေးတွေကိုကျွန်တော်မျိုးကပြန်စိုက်ပေးချင်လို့ပါ လူညာလေးကတော့သူမကြိုက်တော့ဘူးလို့ပြောပေမယ့် ဇီဇဝါပင်တွေကိုတွေ့ရင်မျက်လုံးလေးတွေကတဖျတ်ဖျတ်လက်နေရောလေ..ကိုယ်ကလည်းအဲ့အကြည့်လေးတွေကိုမြင်ချင်သူဆိုတော့နည်းနည်းပဲဖြစ်ဖြစ်အမှတ်ရလိုရငြားပန်းတစ်ခင်းကိုဖန်ဆင်းပေးချင်တယ် "

ချစ်ခြင်းထာဝရတည်စေသော် ( ချစ်ခြင်းထာဝရတည်စေသော်) CompletedWhere stories live. Discover now