(48)

5.1K 251 23
                                    

ချမ်းအေးလှသောမြောက်ပိုင်းဆောင်းရာသီ၏မနက်စောစောတွင်အမုန်းတစ်ယောက်ကတော့မချမ်းအေးနိုင်ဘဲ ရင်ထဲတွင်သောကမီးတောက်လောင်လျက်ရှိသည်။  အခါတိုင်းအမုန်းတို့သားအဖရှိရာအိမိလေးဆီသို့အချိန်မှန်ပြန်လာတတ်သောကိုလှိုင်းသည် အိမ်ပြန်မလာတာသုံးရက်ရှိပြီဖြစ်သည်။ အစကတော့ညဂျူတီတွေဝင်နေရလို့ပြန်မလာနိုင်တာဟု ဖုန်းဆက်အသိပေးခဲ့ပေမယ့်အခုတော့စာမလာ သတင်းလည်းမကြားပေ။

အမုန်းသည်ကိုလှိုင်ူအပေါ်ဘာစိတ်မှမရှိသော်လည်း အငယ်ကတည်းကခင်တွယ်ရသူဖြစ်သည့်အပြင် အမုန်းဒုက္ခရောက်နေချိန်မှာကမ်းလင့်ပေးခဲ့သောတစ်စုံတည်းသောလက်ပိုင်ရှင်ဖြစ်သည့်အတွက် ကိုလှိုင်းကိုပိုမိုခင်တွယ်ကာ အားကိုးလိုစိတ်လေးလည်းအနည်းနှင့်အများရှိတတ်သည်။

ကိုလှိုင်းပြန်မလာတာမနေ့ကနဲ့ဆိုရင်သုံးရက်ရှိပြီဖြစ်သည့်အတွက်အမုန်းစိုးရိမ်မိကာဆေးရုံဆီဖုန်းဆက်ကြည့်တော့ ကိုလှိုင်းကအခုရဲစခန်းမှာခေတ္တထိန်းသိမ်းခံနေရသည်ဟုဆိုလာလေသည်။ ဘာအမှုနှင့်အဖမ်းခံရသည်ကိုမေးကြည့်တော့ ကိုလှိုင်းမောင်းလာသောကားပေါ်တွင်မူးယစ်ဆေးဝါးများကိုတွေ့ရှိလို့တဲ့။ ပမာဏတော်တော်များလို့ အာမခံနှင့်ပင်ပြန်လွှတ်မပေးကြောင်းသိရပြီးအမုန်းရင်ပူနေခြင်းပင်။

အရေးနှင့်အကြောင်းနှင့်ဆိုလျှင်ဘာအတွေ့အကြုံမှမရှိသောအမုန်းကရုတ်တရက်ဆိုလျှင်ဘာလုပ်လို့လုပ်ရမည်မှန်းမသိ။ အဆက်အသွယ်လည်းမရှိသူမို့ဘယ်လိုက်လို့လိုက်ရမည်မှန်းလည်းမသိပေ။ ကိုလှိုင်းကိုသွားတွေ့ရမည်ဟုတွေးမိတော့ သားလေးကိုအဝတ်အစားထူထူထဲထဲဝတ်ဆင်ပေးကာ သားလေးအတွက်လိုအပ်သည့်အရာများကိုအိတ်တစ်လုံးထဲသို့စုထည့်နေစဥ်အမုန်း၏ဖုန်းလေးကတုန်ခါလာလေသည်။

ဖုန်းနံပါတ်ကိုကြည့်မိတော့နံပါတ်စိမ်းတစ်ခုဖြစ်နေသည်။ ကိုလှိုင်းများရဲစခန်းကဖုန်းနှင့်သူ့ဆီဆက်လေသလားဟုတွေးမိပြီးဖုန်းကိုကောက်ကိုင်လိုက်သည်။

" ဟယ်လို..ဘယ်သူလဲမသိဘူး "

( ကိုယ်ပါ အမုန်း )

ချစ်ခြင်းထာဝရတည်စေသော် ( ချစ်ခြင်းထာဝရတည်စေသော်) CompletedWhere stories live. Discover now