မီးလောင်မှုမဖြစ်ပွားခင်တစ်နာရီအလို 9AM;
ရာဇသွေးမာန်တစ်ယောက်တည်ငြိမ်စွာဖြင့်ထိုင်နေသော်လည်းသူ့စိတ်ထဲတွင်ပူလောင်နေရသည်ကိုတော့သူသာသိမည်။ အချိန်အတော်ကြာအောင်စဥ်းစားနေပြီးမှသူ့ရဲ့လက်ရုံးဖြစ်သောRoyal Blood ဂိုဏ်း၏ဒုခေါင်းဆောင်ကိုရုံးခန်းထဲသို့ခေါ်လိုက်သည်။
" အမုန်းရဲ့ဖိနပ်ထဲမှာထည့်ထားတဲ့ခြေရာခံစက်ကိုစစ်ကြည့်လိုက် "
" ဟုတ်ကဲ့ပါ အုပ်ချုပ်သူ "
ဒုခေါင်းဆောင်ဖြစ်သူသည်အမုန်း၏ဖိနပ်ထဲကခြေရာခံစက်ကိုလိုက်ပြီးခြေရာခံကြည့်လိုက်တော့တည်နေရာသည် 'Y'မြို့တော်၏အစွန်အဖျားတွင်ရှိသောဆင်းရဲသားရပ်ကွက်တွင်ရပ်သွားလေသည်။
" အစ်ကိုလေးအခုဘယ်မှာရှိနေမှန်းသိရပါပြီ"
" အင်း..ဘယ်နေရာလဲ "
"Y မြို့တော်အစွန်အဖျားမှာတည်ရှိတဲ့ဆင်းရဲသားရပ်ကွက်မှာပါ..အတိအကျပြောရမယ်ဆိုရင်အစ်ကိုလေးရဲ့ဖခင်ဦးကောင်းကင်မိုးရဲ့နေအိမ်မှာပါ "
အမုန်းကအဲ့နေရာကိုဘာသွားလုပ်တာပါလိမ့်။ ပြီးတော့ပမာဏမနည်းသောပိုက်ဆံတွေကိုလည်းယူသွားသေးသည်။ မဟုတ်မှလွဲလို့ ဟိုသားအဖများသူမသိခင်မှာအမုန်းဆီကငွေညှစ်နေတာလား။ အဲ့လိုသာမဟုတ်ရင် ထိုသားအဖကိုစိတ်နာနေသောအမုန်းကအဲ့လောက်ငွေတွေကိုဒီအတိုင်းပေးလိမ့်မည်မဟုတ်ပေ။ နူးညံ့သယောင်ထင်ရသောထိုကောင်လေးစိတ်မာပြီဆိးုလျှင်လိုက်မမှီနိုင်ကြောင်းမှာသူ့ကိုယ်တွေ့ပင်ဖြစ်သည်။ အကယ်၍များသူ့ရဲ့အမုန်းလေးကသူတွေးထားသလိုခြိမ်းခြောက်ပြီးငွေညှစ်ခံနေရတာဆိုလျှင်ထိုသားအဖကိုသူလုံးဝအလွတ်မပေးနိုင်။
" အင်းငါသိပြီ... ဦးကောင်းကင်မိုးတို့နောက်လွှတ်ထားတဲ့လူဆီကနေဒီရက်ပိုင်းအဲ့ဒီ့သားအဖဘယ်လိုအခြေအနေရှိလဲမေးလိုက် "
" အမိန့်အတိုင်းပါ အုပ်ချုပ်သူ "
သိပ်မကြာသောအချိန်အတွင်းမှာပဲ သူ့ဒုခေါင်းဆောင်ကမျက်စိမျက်နှာပျက်ပြီးသူ့ကိုတင်ပြလာလေသည်။
YOU ARE READING
ချစ်ခြင်းထာဝရတည်စေသော် ( ချစ်ခြင်းထာဝရတည်စေသော်) Completed