(47)

5.3K 241 16
                                    

ချမ်းအေးလွန်းလှသောမြောက်ပိုင်း၏ဆောင်းဥတုကြောင့်ပတ်ဝန်းကျင်တစ်ခုလုံးတွင်နှင်းများကျဆင်းနေလေသည်။အချိန်ကားည ၁၁ နာရီကျော်နေပြီဖြစ်သော်လည်းရင်ခွင်မုန်းအိပ်မပျော်သေးပါ။ သားလေးကတော့သူအကြိုက်ဆုံးအရုပ်လေးဖြစ်သော spider man အရုပ်လေးကိုဖက်ပြီးအိပ်ပျော်နေပြီဖြစ်သည်။ သူ့မှာတော့ညနေကတည်းကဘာမှပင်မလုပ်နိုင်ဘဲကိုလှိုင်းကိုစောင့်နေသော်လည်းဘကိုလှိုင်းကအခုဖိပြန်မလာသေး။ ဆေးရုံကိုလှမ်းပြီးဆက်သွယ်ကြည့်သော်လည်းညဂျူတီဝင်နေသည်ဟုပြော၍ဖုန်းချခဲ့ရသည်။

ဒီလိုနဲ့မနက်သာမိုးလင်းသွားတယ်တစ်ရေးမှမအိပ်လိုက်ရခြင်းကြောင့်အမုန်း၏မျက်လုံးအောက်တွင်အမည်းရောင်အကွင်းကြီးနှစ်ခုပင်ဖြစ်ပေါ်နေပြီ ကြီးမားသောမျက်လုံးရွဲကြီးများမှာသွေးနီရောင်သွေးကြောမျှင်တို့ဖြင့်ထောင်ထလျက်ရှိသည်။ ဒီနေ့တော့အမုန်းအလုပ်မသွားရဲတော့ပေ။ တော်ကြာဟိုလူထပ်ရောက်လာမှဖြင့်အမုန်းပြေးပေါက်ပိတ်နေမည်စိုး၍ဖြစ်သည်။ အခုတော့ထိုလူ့ကျေးဇူးကြောင့်ယာယီလုပ်ကိုင်နိုင်ရန်အတွက်အလုပ်သစ်ရှာရတော့မည်။

အိပ်မပျော်မည့်အတူမနက်အစောကြီးစျေးသွားရန်ထွက်လာလိုက်သည်။ အမုန်းတို့နေသည့်နေရာနှင့်သိပ်မဝေးသောနေရာတွင်မနက်အစောကြီးဖွင့်သောမတက်စျေးရှိ၍ အသီးအရွက်တွေအစုံမရမှာစိုးရိမ်စရာမလိုပေ။ အိပ်ပျော်နေသောဖရဲသီးလေးကလည်းတော်တော်နဲ့နိုးမည်မဟုတ်သဖြင့် အိမ်တံခါးကိုလုံခြုံအောင်သော့ခတ်ကာ မီးရေးထင်းရေးစိတ်ချရအောင်သေချာစစ်ပြီးမှဈေးသွားတော့သည်။

အိမ်နဲ့ဈေးကသိပ်မဝေးသဖြင့်လမ်းလျှောက်သွားလျှင်ရသည်။ သို့သော်သူအိမ်မှထွက်လာစထဲကသတိထားမိသည်မှာ သူ့အနောက်သို့တစ်ယောက်ယောက်ကနောက်ယောင်ခံလိုက်နေသည်ဆိုတာကိုပင်။ သူ့ခြေလှမ်းတွေကိုမြန်လိုက်တော့ သူ့အနောက်ကလူရဲ့ခြေလှမ်းတွေကလဲမြန်ဆန်လာတာကိုသူကြားနေရသည်။ ထို့ကြောင့်လက်သီးကိုသာကျသ်ကျစ်ပါအောင်ဆုပ်၍တဟုန်ထိုးပြေးမည်လုပ်တော့ သန်မာသောလက်တစ်ဖက်ကအမုန်းလက်မောင်းတွေကိုဖမ်းဆွဲလာ၍အမုန်းလည်းထိတ်လန့်သွားရကာကြောက်လန့်တကြားရုန်းမိတော့သည်။

ချစ်ခြင်းထာဝရတည်စေသော် ( ချစ်ခြင်းထာဝရတည်စေသော်) CompletedWhere stories live. Discover now