(23). ငါမင်းကိုချစ်တယ်

4.6K 189 1
                                    

အိမ်ပြန်လာသည့်လမ်းတစ်လျှောက်လုံးတွင်ဦးရာဇသွေးမာန်၏မျက်နှာကခက်ထန်နေပြီး ကားစတီရာရင်ကိုကိုင်ထားသောလက်မှာလည်းသွေးပြန်ကြောတွေထောင်ထနေသည်မို့ အမုန်းအသံမထွက်မရဲပဲခပ်ကုပ်ကုပ်သာနေမိသည်။ အမုန်းဘာအမှားလုပ်မိမှန်းမသိသော်လည်း ထိုလူစိတ်တိုလျှင်ခံရမည့်သူကသူပဲမို့ထိုလူ၏ဒေါသကိုမီးစာထည့်သည့်အပြုအမူမျိုးမလုပ်မိရန်ရည်ရွယ်၍ ကိုယ့်တည်ရှိမှုကိုတောင်ဖျောက်လို့ရလျှင်ဖျောက်ချင်မိသည်။

" မင်းပျော်နေမှာပေါ့ "

"ခင်ဗျာ "

အစပ်အဆက်မရှိရုတ်တရက်ကြီးထပြောသောဦးရာဇသွေးမာန်၏စကားကြောင့်အမုန်းကြောင်သွားရသည်။ ထိုလူကအမုန်းထံသို့တစ်ချက်ကြည့်လာကာ မဲ့ပြုံးတစ်ခုဖြင့်သူ့စကားကိုဆက်သည်။

" မင်းလည်းတွေ့မှာပေါ့ငါတို့အိမ်ရဲ့အနေအထားကိုလေ ပြီးတော့ငါ့အဖေက'M'နိုင်ငံကသမ္မတဖြစ်နေတယ်ဆိုတော့ မင်းငါ့ကိုအပိုင်ဖမ်းထားတာမှန်သွားပြီလို့တွေးနေတယ်မလား"

တစ်ဆိတ်ဒီလူ့ဆီမှာ အဆိုးမြင်တတ်တဲ့ရောဂါများရှိနေသလားမသိ။ ထိုလူ၏အဖေကသမ္မတဆိုတာကို ဦးမျိုးမြင့်သွေးမာန်ပြောပြထားလို့အမုန်းသိပြီးပါပြီ။ ပြီးတော့သူတို့မိသားစုချမ်းသာတာကိုလည်းအမုန်းကြားဖူးပါသည်။ သို့သော်သူတို့မိသားစုပိုင်ဆိုင်သောစည်းစိမ်များနှင့်ရာထူးအာဏာများကိုအမုန်းကဘာလုပ်ရမည်နည်း။ ထိုအရာတွေကအမုန်းမှမပိုင်ဆိုင်တာ။ သူ့ကိုမှီပြီးစားရအောင်လည်း သူကအမုန်းကိုဆိုရင်ချေးထက်တောင်ရွံတဲ့လူမလား။ ဒါကိုများလာပြီးပါးစပ်အရသာခံပြောနေသေးသည်။

" ဦးရာဇသွေးမာန်ကိုအမုန်းအစကတည်းကပြောထားပြီးသားပါ..အမုန်းအဲ့ဒီ့အရာတွေကိုစိတ်မဝင်စားပါဘူး..တစ်ကယ်လို့ဦးရာဇသွေးမာန်သာအမုန်းကိုကွာရှင်းချင်ရင်ဥပဒေအရသုံးနှစ်ပြည့်တာနဲ့အမုန်းကွာရှင်းပေးပါ့မယ်..အမုန်းကိုလည်းတစ်ပြားတစ်ချပ်မှပေးစရာမလိုပါဘူး "

! ကျွီ!

အမုန်းမခံချင်စိတ်သေးသေးလေးနဲ့ပြန်ပြောမိတော့ရာဇသွေးမာန်သည်ကားကိုလမ်းဘေးထိုးရပ်လိုက်သည်။ ထို့နောက်အမုန်းဖက်သို့လှည့်လာပြီးစားတော့ဝါးတော့မလိုအကြည့်ဖြင့်စူးစိုက်ကြည့်ကာ....

ချစ်ခြင်းထာဝရတည်စေသော် ( ချစ်ခြင်းထာဝရတည်စေသော်) CompletedWhere stories live. Discover now