(42) သေလောက်အောင်နောင်တရတယ်

5.7K 236 15
                                    

" ရာဇ... မြောက်ပိုင်းကိုရောက်နေတဲ့အစ်ကိုအဂ္ဂကငါ့ဆီကိုသတင်းပို့လာတယ် ရင်ခွင်မုန်းကိုသူမြောက်ပိုင်းမှာတွေ့လိုက်တယ်တဲ့ လျှပ်တပြက်တွေ့လိုက်ရတာမို့ နေရာအတိအကျတော့မသိပေမယ့်ရင်ခွင်မုန်းဆိုတာသေချာတယ်တဲ့ "

ရှိန်းသက်မောင်လာပြောသော သတင်းစကား သည် ကျောက်ရုပ်တစ်ခုလိုအသက်မဲ့နေသောရာဇသွေးမာန်ကိုလှုပ်လှုပ်ရှားရှားဖြစ်သွားစေသည်အထိ ထိရောက်စေသည်။

" သူပို့လာတဲ့ပုံတွေကိုကြည့်လိုက်တော့ တစ်ကယ်ကိုရင်ခွင်မုန်းဖြစ်နေတယ်ကွ..ဒါပေမယ့်...ဟင်း..မင်းကိုယ်တိုင်ပဲသေချာကြည့်လိုက်တော့ကွာ "

ရှိန်းသက်မောင်ထိုးပေးလာသောစာအိတ်ထဲကပုံတွေကိုရာဇသွေးမာန်တစ်ပုံချင်းသေချာထုတ်ကြည့်လိုက်သည်။ သက်မဲ့ပစ္စည်းဖြစ်သော်လည်း ထိုလူသားလေး၏ပုံရိပ်တွေကိုမှတ်တမ်းတင်ပေးထားနိုင်သောဓာတ်ပုံလေးတွေကိုရာဇသွေးမာန်အမြတ်တနိုးကြည့်ရှုနေရင်းမှမျက်ဝန်းထဲတွင်ဆွေးရိပ်တို့ကထင်ဟပ်လာလေသည်။

ပုံတစ်ပုံချင်းစီတိုင်းကအမုန်း၏လှုပ်ရှားမှုလေးတွေကိုခိုးရိုက်ထားကြောင့်သိသာစွာပင်အချို့ကခပ်ဝါးဝါးဖြစ်နေပြီးအချိူ့ကတော့ရှင်းလင်းပြတ်သားလှသည်။ သို့သော်ပုံတစ်ပုံအရောက်တွင်ရာဇသွေးမာန်၏လှုပ်ရှားမှုတို့ကအကုန်ရပ်တန့်သွားရပြီးဓာတ်ပုံကိုကိုင်ထားသောလက်တို့ကတုန်ယင်နေတာကိုကြည့်ချင်းအားဖြင့်သူဘယ်လောက်စိတ်လှုပ်ရှားနေကြောင်းကိုဖော်ပြနေလေသည်။

"ဒါ...ဒါက..."

ရာဇသွေးမာန်စိုက်ကြည့်နေသောပုံထဲတွင်ရင်ခွင်မုန်းကတစ်နှစ်သားအရွယ်ကလေးလေးကိုပွေ့ချီထားကာ လမ်းဘေးတစ်နေရာကကားမှတ်တိုင်ဟုယူဆရသောနေရာတွင်ထိုင်နေလေသည်။

" မင်းတွေ့သွားပြီမလား..ငါလည်းအစကအံ့ဩနေတာ ရင်ခွင်မုန်းချီထားတဲ့ကလေးကဘယ်သူ့ကလေးပါလိမ့်ပေါ့ ဒါပေမယ့်နောက်ပုံတွေကိုသေချာကြည့်လိုက်တော့မှအဖြေကရှင်းသွားတာ ရင်ခွင်မုန်းချီထားတဲ့ကလေးကမင်းနဲ့ရင်ခွင်မုန်းတို့ရဲ့ရင်သွေးလေးဆိုတာရာနှုန်းပြည့်သေချာတယ်ရာဇ"

ချစ်ခြင်းထာဝရတည်စေသော် ( ချစ်ခြင်းထာဝရတည်စေသော်) CompletedWhere stories live. Discover now