(54)

4.8K 235 11
                                    

" အဖေ ရင်ခွင်မုန်းနဲ့တွေ့ခဲ့လားဟင် "

"အင်းတွေ့ခဲ့တယ် "

"ဘာတဲ့လဲ..သူကသမီးတို့ကိုကူညီပေးမယ်တဲ့လား "

ညဥ့်နက်ကြီးထိပြန်မလာသေးသောသမီးကိုစိတ်ပူပြီးမအိပ်ဘဲစောင့်နေရာ ဝေလီဝေလင်းမှပြန်လာသောသမီးဖြစ်သူကဦးကောင်းကင်မိုးကိုတွေ့လျှင်မျှော်လင့်တကြီးမေးလေတော့ဦးကောင်းကင်မိုးသက်ပြင်းချကာခေါင်းကိုရမ်းပြလိုက်သည်။

" အခုချိန်ကစပြီးဖေဖေတို့သူကိုမနှောင့်ယှက်ပဲနေကြရအောင် "

ဟိုကောင့်ဆီကအကူအညီရအောင်တောင်းမလာနိုင်သည့်အပြင် သူမကိုပါသူ့သားကိုအနှောင့်ယှက်ရန်ပြောနေသောဖခင်ကိုကြည့်ကာနန်းထိုက်ပန်းစိတ်ပျက်မိသည်။

" ဘာလို့လဲ..ဘာလို့အဲ့လုပ်ပေးရမှာလဲ သူကကျအိမ်ကြီးအိမ်ကောင်းမှာနေရပြီးချမ်းချမ်းသာသာအသက်ရှင်ရပြီး ဘာလို့သမီးကဒီလိုအစုတ်အပြတ်နေရာမှာနေရမှာလ....သူကသာသမီးနေရာကိုလုယူခဲ့တာသေချာရဲ့နဲ့ဘာလို့သူ့ကိုအလျော့ပေးရမှာလဲ...ဘာလဲသူကအဖေ့မယားငယ်ရဲ့သားမို့လို့လား..အဲ့တာကြောင့်ငယ်ငယ်လေးကတည်းကအဖေသူ့အပေါ်ဆိုသမီးထက်ပိုပြီးကောင်းပေးခဲ့တာလား "

" သမီးဘာတွေပြောနေတာလဲ "

" ဘယ်အချိန်ထိများဖုံးကွယ်နေဦးမလို့လဲ ရင်ခွင်မုန်းကအဖေဖောက်ပြန်ပြီးရခဲ့တဲ့မယားငယ်သားဆိုတာ သမီးသိထားပြီးသား.. အမှန်ဆိုဒါတွေအကုန်လုံးကအဖေ့ကြောင့်လို့တောင်ပြောလို့ရတယ် အဖေသာအမေ့အပေါ်သစ္စာရှိခဲ့မယ်ဆိုရင် ရင်ခွင်မုန်းလိုမယားငယ့်သားကမွေးလာစရာအကြောင်းမရှိတဲ့အပြင် သူ့အမေအပျက်မလိုသမီးရဲ့လူကိုလည်းလုယူမှာမဟုတ်ဘူး...အဲ့ကောင်ငယ်ငယ်လေးတုန်းထဲကလိုအပ်တဲ့ကျောက်ကပ်တစ်ခြမ်းထုတ်ပြီးတာနဲ့သူနေတဲ့တောကြိုအုံကြားကိုပြန်ပြီးစွန့်ပစ်လိုက်ရမှာ  "အခုချိန်ထိအိမ်မှာခေါ်ထားပြီးအချိန်တွေဆွဲထားခဲ့တာအဖေ့အမှားပဲ"

သမီးရဲ့စကားတွေကဦးကောင်းကင်မိုးကိုဝိဥာဥ်လွင့်မတတ်ထိတ်လန့်စေသည်။ သမီးကအမုန်းကိုကျောက်ကပ်လိုချင်လို့ခေါ်လာတယ်ဆိုတာဘယ်လိုသိသွားတာလဲ။ ကျောက်ကပ်လှူပြီးနောက်သတိမေ့နေတဲ့အမုန်းအပေါ်စိုးရိမ်ပေးခဲ့တဲ့သမီးမဟုတ်သည့်အတိုင်းပြောနေလိုက်တာမျက်လုံးတွေမှာလည်းအမုန်းတရားတွေထင်ဟပ်လို့။ အရင်ကဆိုလျှင်လိုချင်တာတစ်ခုခုရှိတိုင်းသူ့ရင်ခွင်ထဲတိုးဝင်ပြီးချွဲတတ်တဲ့သမီးကအချိန်ကစပြီးအခုလိုပြောင်းလဲသွားရတာလဲ။

ချစ်ခြင်းထာဝရတည်စေသော် ( ချစ်ခြင်းထာဝရတည်စေသော်) CompletedWhere stories live. Discover now