(34)

4.3K 216 5
                                    

" သူကဘာလို့အခုချိန်ထိသတိရမလာတာလဲ"

ရေခဲရိုက်ထားသလိုအေးစက်နေသောမျက်နှာထားအပြင်မျက်မှောင်နှစ်ဖက်ကိုပါကုပ်ပြီးမေးလာသောရာဇသွေးမာန်ကြောင့်တာဝန်ရှိဆရာဝန်ကြီးခမျာနဖူးဆီမှပင်ချွေးစီးများပျံလာရသည်။ ပြန်မဖြေလို့ကလည်းမရသည်မို့ရှိသမျှအလိမ်အညာတွေကိုသာထုတ်သုံးရတော့သည်။

" ဟို..လူနာကသွေးထွက်လွန်ထားတော့သူ့ခန္ဓာကိုယ်ထဲကကုန်ဆုံးသွားတဲ့အားအင်တွေကိုပြန်စုဖို့အတွက်ခန္ဓာကိုယ်ကိုအနားပေးတဲ့သဘောနဲ့မေ့မြောနေတာမို့လို့မစိုးရိမ်ရတော့ပါဘူး "

"အင်း"

ဆရာဝန်ဖြေလာသောအဖြေကိုသဘောမကျသော်လည်း ကိုယ့်ကိုတော့လိမ်ရဲမှာမဟုတ်သည့်အတွက်ရာဇသွေးမာန်အနည်းငယ်စိတ်အေးသွားရသည်။ ခွဲစိပ်ပြီးတာတစ်ပတ်တောင်ရှိနေပြီ ဒီဟာလေးကတော့အခုထိအိပ်ကောင်းနေတုန်းပင်။ ဒီရက်တွေထဲမှာရာဇသွေးမာန်၏အချိန်တွေတော်တော်များများကိုဒီဟာလေးဆီမှာသာကုန်ဆုံးလေ့ရှိသည်။

ပန်းကလေးကတော့ ဒီဟာလေးလှူပေးသောကျောက်ကပ်သည်သူမ၏ခန္ဓာကိုယ်နှင့်အတော်လေးကိုက်ညီသဖြင့်ရောဂါလက္ခဏာတွေအတော်သက်သာသွားပြီးထူထူထောင်ထောင်ရှိပြီမို့စိတ်မပူရတော့။ စိတ်ပူရသည်ကဒီဟာလေးပင်။ လိုအပ်သောဆေးစစ်ချက်တွေအကုန်လုပ်ကြည့်ပြီးလို့ အန္တရာယ်မရှိတာသေချာမှခွဲစိပ်ဖို့လုပ်ခဲ့တာတောင်လူအကောင်းဖြစ်သောသူကအခုထိသတိရမလာ။

ရာဇသွေးမာန်မှာခုထိကောင်းကောင်းပင်အနားမယူရသေး။ အိပ်ခါနီးဆိုလည်းဒီဟာလေး၏ဖြူဖတ်ဖတ်မျက်နှာလေးကိုမြင်ယောင်ပြီးသူ့မှာအိပ်မပျော်။ တစ်ခုခုဖြစ်သွားမှာကိုစိုးရိမ်သည့်စိတ်ကြောင့်စိတ်ဖြောင့်ဖြောင့်မနေရဲပေ။

အခုလည်းတဘက်တစ်ထည်ကိုရေနွေးကြက်သီးလေးထဲစိမ်ပြီး ရင်ခွင်မုန်း၏လက်ချောင်းလေးကိုများကိုဖွဖွသုတ်ပြီးသန့်ရှင်းရေးလုပ်ပေးနေမိသည်။ နေ့တိုင်းသန့်ရှင်းရေးလုပ်ဖြစ်တာကြောင့်ရင်းနှီးနေပြီဖြစ်သောလက်ချောင်းရှည်သွယ်သွယ်တွေနှင့်လက်ဖဝါးနွေးနွေးလေးပေါ်မှအသားမာတွေကိုထိတွေ့မိတိုင်းဘာကြောင့်ရယ်တော့မသိ။ သူ့စိတ်ထဲမကောင်းပေ။ ဘယ်ဖက်လက်ကိုသန့်ရှင်းပြီးလို့ညာဖက်လက်ကိုအယူ လှုပ်ရှားလာသောလက်ချောင်းများကြောင့် ဝမ်းသာအားရကြည့်လိုက်တော့မျက်ခွံလေးတွေလည်းလှုပ်လာတာတွေ့လိုက်ရ၍ခေါ်ကြည့်မိသည်။

ချစ်ခြင်းထာဝရတည်စေသော် ( ချစ်ခြင်းထာဝရတည်စေသော်) CompletedWhere stories live. Discover now