(64)

4.4K 238 23
                                    

" မင်းဘာပြောမလို့လဲပြောစရာရှိတာပြောတော့ "

အလိုလိုမှစိတ်ရှုပ်ပြီးစိတ်ညစ်နေတဲ့ကြားထဲလူကိုခေါ်ပြီးအခုထိဘာမှမပြောသေးသောကောင်ကိုကြည့်ရင်းစဝ်ခွန်ယင်းစိတ်မရှည်ချင်တော့။ အခုလိုမျိုးအချိန်တွေအလကားကုန်နေမယ့်အစားသူ့အစ်ကိုအဂ္ဂကိုရှာနေရတာမှ သူ့ကိုရှာနေတာပဲတွေ့မှာပါဆိုသောမျှော်လင့်ချက်တစ်ခုကိုရိုက်သွင်းရင်းအနည်းငယ်စိတ်သက်သာရာရလိမ့်ဦးမည်။

" မလောပါနဲ့ငါ့ပါးစပ်တစ်ခုတည်းကပဲပြောရင်မင်းမယုံမှာကိုသိလို့ငါသက်သေယူခိုင်းထားတယ် ခဏပဲစောင့် "

ကြက်ကြီးလည်လိမ်ထားသလိုမချိမဆန့်ဖြစ်နေသောရုပ်နှင့်ကောင်ကိုရာဇသွေးမာန်မေတ္တာတုံးချင်လာသည်။ သူ့အချိန်တစ်ခုတည်းကပဲတန်ဖိုးရှိသလိုအချိုးမျိုးနဲ့ အမှန်ဆိုသူ့လိုဘဲပစ်ကောင်နဲ့စာရင်အခုမှပူပူနွေးနွေးပြန်အဆင်ပြေထားကာစသူနှင့်သူ့ရဲ့အမုန်းလေးတို့အတွဲအတွက်ကမှအချိန်ဆိုတာစိန်လိုပဲအဖိုးတန်နေသည်မဟုတ်ပါလား။

နှစ်ယောက်သားတစ်ယောက်နဲ့တစ်ယောက်ကြိတ်ပြီးမေတ္တာပို့နေကြသည်မှာ ရာဇသွေးမာန်ရဲ့ကိုယ်ရံတော်ယူလာပေးသောmemory stickကိုကိုင်ကာအခန်းထဲဝင်လာကြသော ဓနလျှံ၊ ရှိန်းသက်မောင်နှင့်ဈာန်ဦးနောင်တို့ရောက်မလာခင်အချိန်အထိပင်ဖြစ်လေသည်။

ရှိန်းသက်မောင်ကလူ့လက်ထဲက memory stick လေးကိုစားပွဲပေါ်သို့အရင်ချသည်။ ထို့နောက်ဈာန်ဦးနောင်လက်ထဲက mac book ကိုယူလိုက်ပြီးစားပွဲပေါ်တင်လိုက်ပြန်သည်။ ပစ္စည်းတို့စုံသွားကာမှသက်ပြင်းချလိုက်ကာတီးတိုးညီးတွားလေသည်။

" ဟင်း..အမှန်တော့ဒီ vedio file ကိုဘယ်တော့မှပြန်မဖွင့်ရဖို့မျှော်လင့်ထားခဲ့တာ ဒါပေမယ့် စဝ်ခွန်ယင်း မင်းစိတ်ထဲကအာဃာတတွေရန်ငြိုးတွေကငါတို့မထင်ထားလောက်အောင်ကြီးနေမှတော့ အမှန်တရားကိုမင်းလည်းသိသင့်ပြီလို့ငါထင်တယ် "

"  ပဟေဠိဖွက်တိုင်းဆော့နေတာဆိုရင်လည်းငါစိတ်ပါမနေဘူး ပြောစရာရှိတာကိုပွင့်ပွင့်လင်းလင်းပြောလိုက်ဟေ့ကောင် "

ချစ်ခြင်းထာဝရတည်စေသော် ( ချစ်ခြင်းထာဝရတည်စေသော်) CompletedWhere stories live. Discover now