(61)

4.7K 234 12
                                    

အမုန်းတစ်ယောက်စိတ်ထဲမှာယောက်ယက်ခတ်နေလေသည်။ မနက်အစောကြီးရှိသေး ရောက်ချလာကာသားကိုသူတို့ဆီခဏထည့်ပေးလိုက်ဖို့ပြောနေသောဒေါ်မြတ်မဟာနွယ်ကိုကြည့်ကာ အမုန်းစိတ်ထဲလွန်ဆွဲနေလေသည်။ သူတို့သည်လည်းတစ်ဦးတည်းသောမြေးလေးပေမယ့်ချစ်ချင်ကြပေလိမ့်မည်။ ဒါပေမယ့်လည်းအမုန်းကစိတ်မချပေ။ အမုန်းကွယ်ရာမှာသားလေးကိုဂရုမှစိုက်ပါ့မလား၊ ဒါမှမဟုတ်အခြားစိတ်ဒဏ်ရာရစေလောက်သောစကားမျိုးကိုသုံးပြီးသားလေးကိုဆူပူနေမလားစသည်ဖြင့်ပေါ့။ ဦးရာဇသွေးမာန်ကတော့အမုန်းသဘောဟုသာပြောပြီးဝင်ရောက်စွက်ဖက်ခြင်းမပြု။

နောက်ဆုံးတော့အမုန်းဖက်ကသာတစ်ထစ်လျော့ပေးလိုက်ရလေသည်။ ဒေါ်မြတ်မဟာနွယ် အမုန်းကိုဘယ်လောက်ပဲမုန်းမုန်းသားလေးတွင်သူတို့၏သွေးသားလည်းပါသည်မို့ဆိုးဆိုးဝါးဝါးကြီးတော့မဆက်ဆံလောက်ဟုသာယုံကြည်ထားလိုက်ရသည်။ ဒါမှလည်းစိတ်သက်သာရာရမည်ကိုး။ ထို့ကြောင့်နောက်ဆုံးဆုံးဖြတ်ချက်ကိုကာယကံရှင်ဖြစ်သောသားလေးကိုသာမေးကြည့်လိုက်သည်။

" ဖရဲသီးလေးကဖွားဖွားနဲ့လိုက်သွားချင်လားဟင် ပါးပါးကိုပြောပါဦး "

"လိုက်လိုက် "

" အမလေးလိမ္မာလိုက်တဲ့ဖွားမြေးလေး အဲ့ဒါဆိုငါခေါ်သွားပြီနော် "

"ဟုတ်ကဲ့ပါအန်တီအဲ့ဒါဆိုသားကိုစိတ်ချလက်ချနဲ့အပ်ပါတယ်.. ​ပြီးတော့လေ သားကဖရဲသီးနဲ့ဓာတ်မတည့်တာမို့လို့သားကိုဖရဲသီးနဲ့လုပ်ထားတဲ့ဘယ်လိုသွားရေစာမှမကျွေးပါနဲ့နော် "

အမုန်းကအစိုးရိမ်လွန်ပြီးမှာလျှင်ဒေါ်မြတ်မဟာနွယ်ရဲ့မျက်နှာကပျက်ကျသွားလေသည်။

" စိတ်ချပါ ဋီကာလေးကငါ့မြေးအရင်းခေါက်ခေါက်ပါအဲ့ဒါကြောင့်မင်းမစိုးရိမ်လည်းရတယ်..နောက်ပြီးဋီကာလေးကဖရဲသီးနဲ့ဓာတ်မတည့်ဘူးလို့လည်းပြောသေးတယ်ဘာလို့အိမ်နာမည်ကဖရဲသီးလေးဖြစ်နေတာလဲ "

"ဟိုလေ..သားကိုမွေးတုန်းကဖရဲသီးခင်းထဲမှာမွေးခဲ့လို့ပါ "

"ဟင်..ဖရဲသီးခင်းထဲမှာမွေးရအောင်မင်း..."

"ကဲပါမေမေရယ် သားလေးစိတ်မပြောင်းခင်ခေါ်သွားလိုက်ပါတော့ သားကိုကျွန်တော်အလုပ်ကပြန်လာရင်ဝင်ခေါ်မယ်ဟုတ်ပြီလား "

ချစ်ခြင်းထာဝရတည်စေသော် ( ချစ်ခြင်းထာဝရတည်စေသော်) CompletedWhere stories live. Discover now