(56)

4.8K 241 22
                                    

အမုန်းတို့သားအဖဆီ အနောက်တိုင်းဝတ်စုံဆင်တူလေးတွေကိုဖိနပ်နှင့်တကွအခြားအသုံးအဆောင်ပစ္စည်းတွေကိုပါ အတွင်းရေးမှူးအစ်ကိုကနေတစ်ဆင့်ပို့ပေးလာပြီးသားအဖနှစ်ယောက်လုံးပြင်ဆင်ထားပါ ညနေဦးရာဇသွေးမာန်ကိုယ်တိုင်လာခေါ်မည်ဟုမှာလိုက်သဖြင့် အမုန်းသားလေးကိုအဝတ်အစားတွေဝတ်ပေးကာ သူကိုယ်တိုင်လည်းပြင်ဆင်ထားမိသည်။

ညနေငါးနာရီလောက်ရှိတော့ အိမ်ရှေ့တွင်ကားရပ်သံကြားလိုက်ရပြီး သိပ်မကြာခင်မှာပဲဒေါ်စန်းကအမုန်းရဲ့အခန်းတံခါးကိုခေါက်လာတော့သည်။

" အစ်ကိုလေး အောက်ထပ်မှာသခင်လေးရောက်နေပါပြီ..အဆင်သင့်ဖြစ်ရင်ဆင်းခဲ့ပါလို့မှာလိုက်ပါတယ် "

" ဟုတ်ကဲ့ အဆင်သင့်ဖြစ်ပါပြီ "

သားလေးကိုပွေ့ချီရင်းမှအံဆွဲထဲကလက်ထပ်လက်စွပ်လေးကိုဝတ်ရနိုး မဝတ်ရနိုးစဥ်းစားနေရင်းမှဝတ်ဖို့ဆုံးဖြတ်လိုက်သည်။ တန်ဖိုးကြီးသောအနောက်တိုင်းဝတ်စုံနှင့် အဆင်တန်ဆာတွေအရအမုန်းယခုသွားမည့်နေရာသည်သာမာန်ပွဲတစ်ခုမဖြစ်နိုင်ကြောင်းအမုန်းသဘောပေါက်လိုက်သည်။ ဦးရာဇသွေးမာန်တောင်မှအမုန်းတို့လက်ထပ်လက်စွပ်လေးကိုမချွတ်ဘဲဝတ်ဆင်ထားသေးတာ အမုန်းသည်လည်းကိုယ့်အိမ်ထောင်ဖက်ကိုလေးစားသောအားဖြင့်ဝတ်သင့်သည်ဟုတွေးပြီး ဝတ်လာခဲ့တော့သည်။

အောက်ထပ်ရောက်တော့ ဦးရာဇသွေးမာန်ဖုန်းပြောနေပြီး ဒေါ်စန်းကအမုန်းဆင်းလာပြီဖြစ်ကြောင်းပြောတော့ လှေကားပေါ်ကဆင်းလာသောအမုန်းကိုလှည့်ကြည့်လာပြီးနောက် မျက်တောင်ပင်မခတ်ဘဲငေးကြည့်နေသဖြင့်အမုန်းနေရခက်လာသည်။

သူဝတ်ထားတာအဆင်မပြေလို့များဦးရာဇသွေးမာန်ကကြည့်နေတာလားဟုတွေးမိပြီးကိုယ့်ကိုကိုယ်ငုံ့ကြည့်လိုက်တော့လည်းပြဿနာကိုရှာမတွေ့။ ထိုအစား ဦးရာဇသွေးမာန်ဝတ်ထားသောဝတ်စုံနှင့်အမုန်းတို့သားအဖဝတ်ထားသောဝတ်စုံတို့မှာအရွယ်အစားသာကွာခြားသောဆင်တူအဝတ်အစားများဖြစ်နေကြောင်းကိုသာအမုန်းရှာတွေ့သွားတော့သည်။

" အဟမ်း..ကျွန်တော်တို့သားအဖကတော့အသင့်ဖြစ်နေပြီ သွားတော့မှာလားဦးရာဇသွေးမာန် "

ချစ်ခြင်းထာဝရတည်စေသော် ( ချစ်ခြင်းထာဝရတည်စေသော်) CompletedWhere stories live. Discover now