(27)

3.6K 213 5
                                    

" မမလေးရဲ့ကျောက်ကပ်ကိုအမြန်ဆုံးအစားထိုးနိုင်မှရတော့မှာ မဟုတ်ရင်အခုလိုကိုယ်တွေလက်တွေယောင်ရမ်းလာတာပြီးရင် အဆိုးဆုံးကအသက်အန္တရာယ်ကိုထိခိုက်လာနိုင်ပါတယ် "

ဆရာဝန်ပြောသံကြားတော့ဒေါ်နန်းမြင့်သော်လှုပ်လှုပ်ရှားရှားဖြစ်လာပြီး သူမ၏မျက်ဝန်းတွေကစိုးရိမ်ပူပန်မှုတွေအပြင်ကောက်ကျစ်စဥ်းလဲမှုတွေပါထင်ဟပ်နေလေသည်။

အစကသမီးဖြစ်သူနှင့်ရာဇသွေးမာန်တို့ပြန်လည်သင့်မြတ်ကာအနေနီးစေရန်အတွက် ခင်ပွန်းဖြစ်သူကိုချန်လှပ်ကာသမီးဖြစ်သူနှင့်နှစ်ယောက်တည်းတိုင်ပင်၍နိုင်ငံခြားကသူမ၏အမေရှိရာဆီသို့လာခဲ့ခြင်းဖြစ်သည်။ သူမနိုင်ငံခြားရောက်ပြီးသိပ်မကြာခင်မှာပဲ သမီးဖြစ်သူတစ်ယောက်ခြေလက်တွေဖောယောင်နေ၍သူမတို့ပိုင်ဆိုင်မှုဖြစ်သော K.N ဆေးရုံတွင်ဆေးလာကုရင်းမှရောဂါအခြေအနေကိုအသေးစိတ်သိရ၍ဆေးရုံအုပ်ကဖုန်းဆက်လာသည်။ သမီးရဲ့အခြေအနေကအမြန်ဆုံးခွဲစိတ်မှစိတ်ချရမည့်အခြေအနေမျိုးတဲ့။

ဒါပေမယ့်ဘာအရေးလည်း သူမဆီမှာဟိုကောင်လေးရင်ခွင်မုန်းရှိနေသ၍ဘာမှပူစရာမလို။ ငယ်စဥ်တည်းကကျေးဇူးတရားတွေနှင့်ချည်နှောင်ထားသည့်ပတ်သတ်မှုမျိုးဖြစ်တာကြောင့်ဟိုကောင်လေးအနေဖြင့်သူမတောင်းဆိုသမျှကိုဘယ်လိုနည်းနှင့်မှငြင်းပယ်မည်မဟုတ်ကြောင်းသိပြီးသား။ အခုဆိုပိုဆိုး။ ရာဇသွေးမာန်ရဲ့ဇနီးဖြစ်သွားတော့ သူမတို့အပေါ်မှာအပြစ်လုပ်ထားသည်ဟူသောခံစားချက်မျိုးကိုရိုက်သွင်းပေးထားသဖြင့် သူမ၏ယုံကြည်မှုကိုပိုမိုခိုင်မာစေသည်။

ဘယ်လိုပဲဖြစ်ဖြစ်ကျောက်ကပ်တစ်ခြမ်းပေးလို့သေနိုင်တာမှမဟုတ်တာ။ တစ်ကယ်လို့သေနိုင်တယ်ဆိုလည်းသူမဂရုမစိုက်။
သူပေးပေးမပေးပေးရအောင်ယူဖို့ဆုံးဖြတ်ထားပြီးသား။ သမီးအတွက်လိုအပ်နေလို့သာလျှင် သူမအနေနဲ့ခင်ပွန်းဖြစ်သူအပြင်မှာဖောက်ပြန်ပြီးရတဲ့ကလေးကိုဒီလောက်နှစ်တွေအကြာကြီးအိမ်ပေါ်တင်ကျွေးထားခြင်းဖြစ်သည်။ မဟုတ်ရင်သူ့အမေသွားတဲ့လမ်းအတိုင်းပို့ပေးလိုက်တာကြာပေါ့။

ချစ်ခြင်းထာဝရတည်စေသော် ( ချစ်ခြင်းထာဝရတည်စေသော်) CompletedWhere stories live. Discover now