(71)

4K 189 21
                                    

! Ring...Ring!

ညကြီးညဥ့်နက်သန်းခေါင်မှထမြည်နေသောဖုန်းသံကြောင့်အဂ္ဂလျှံနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေရာမှနိုးလာရသည်။ ခေါ်ဆိုသူကိုကြည့်လိုက်တော့နံပါတ်စိမ်းတစ်ခုဖြစ်နေသည်။ တော်ကြာဆေးရုံမှာအရေးပေါ်လူနာရှိလို့လှမ်းခေါ်တာဖြစ်နေမှာကိုစိုးရိမ်၍ကိုင်လိုက်တော့သည်။

" hello... ဒေါက်တာအဂ္ဂလျှံပြောနေပါတယ်ခင်ဗျ "

( အစ်ကိုလေးအဂ္ဂကျွန်တော် blackပါ )

တစ်ဖက်လူရဲ့ကိုယ့်ကိုကိုယ်မိတ်ဆက်လာမှုကအဂ္ဂလျှံ၏အိပ်ချင်နေမှုများကိုမောင်းထုတ်နိုင်လေသည်။ Blackဆိုသောလူကိုသူသိတာပေါ့။ စဝ်ခွန်ယင်းရဲ့အနောက်မှာအမြဲပါနေကျမျက်နှာသေနှင့်ဒုခေါင်းဆောင်ဆိုသူပင်။ ထိုလူကသူ့ဆီကိုဘာကြောင့်များဆက်သွယ်လာတာပါလိမ့်။ အတွေးများထက်ပိုမိုလက်တွေ့ကျသောအဖြေကိုသိရှိဖို့အတွက်အဂ္ဂလျှံတည့်တိုးပဲမေးလိုက်သည်။

" ဟုတ်ကဲ့ ဘာကိစ္စများရှိလို့ကျွန်တော့်ဆီကိုဆက်သွယ်တာလဲ "

(ဒီလိုပါ အခုကျွန်တော်ကအရေးကြီးကိစ္စနဲ့မြို့တော်ကိုပြန်ရောက်နေပါပြီ...သခင်လေးကအစ်ကိုလေးရှိနေတဲ့နေရာမှာတစ်ယောက်တည်းနေခဲ့တာပါ..အစောနကပဲကျွန်တော့်ဆီကိုလှမ်းဆက်သွယ်ပါတယ် သူအရမ်းနေမကောင်းဖြစ်နေလို့ဆရာဝန်တစ်ယောက်လောက်ပို့လိုက်ပါတဲ့ အဲ့ဒီ့မှာကျွန်တော်ကောင်းကောင်းသိတဲ့သူဆိုလို့အစ်ကိုလေးပဲရှိလို့ပါ... ကျေးဇူးပြုပြီးကျွန်တော်တို့အုပ်ချုပ်သူကိုကုသပေးပါခင်ဗျ)

" အဲ..အဲ့ဒါက... "

( လုပ်ပါဗျာ မြို့တော်ကလူကိုလွှတ်ရင်လမ်းမှာအချိန်တွေတော်တော်ကြာနေမှာဗျ.. အုပ်ချုပ်သူရဲ့အသံကိုနားထောင်ရတာလည်းအခြေအနေတော်တော်ဆိုးနေတဲ့ပုံပဲ အခြားလူတွေကိုစိတ်မချလို့ပါ အခုအုပ်ချုပ်သူနားမှာကိုယ်ရံတော်တောင်ရှိမနေပါဘူး....အခုလိုအခြေအနေမျိုးမှာယုံကြည်ရတဲ့သူဆိုလို့အစ်ကိုလေးအဂ္ဂလျှံတစ်ယောက်ပဲရှိလို့ပါ )

" ဒီလိုဆိုလည်းဟုတ်ပါပြီ..ကျွန်တော်ပဲသွားလိုက်ပါ့မယ်...စိတ်ချပါ "

ချစ်ခြင်းထာဝရတည်စေသော် ( ချစ်ခြင်းထာဝရတည်စေသော်) CompletedWhere stories live. Discover now